အပိုင်း 33+34

1.3K 110 0
                                    

အခန်း ၃၃- မိုးမခပင် : မင်းကိုယ်မင်းသတိမထားမိဘူးလား...

မရေမတွက်နိုင်သောမိုးကြိုးနဂါးများသည် သူတို့၏လည်ပင်းကိုဆန့်ထုတ်ကာ လုချန်ရှန်းကို လှမ်းကြည့်လိုက်သည်။

ထို့နောက် သူတို့အားလုံးသည် လုချန်ရှန်းပေါ်သို့ ထိုးဆင်းလာလေတော့သည်။

မိုးကြိုးများဟိန်းဟောက်သံမှာ ကမ္ဘာမြေကြီးကိုဖျက်စီးမည့် ကပ်ဘေးတစ်ခုအလားပင်။

လုချန်ရှန်းသည် မရေမတွက်နိုင်သော ထိုမိုးကြိုးနဂါးများကိုမျက်နှာမူလျက် ထိုးဆင်းလိုက်ပေသည်။

မိုးကြိုးလျှပ်စီးသည် ဆက်တိုက်ရိုက်ခတ်နေသော်လည်း ကံမကောင်းချင်လေတော့ ၎င်းသည် လုချန်ရှန်း၏ ဝိညာဉ်ရေးရာစွမ်းအင်အကာအကွယ်ကို မထိုးဖောက်နိုင်ခဲ့ချေ။

လုချန်ရှန်း၏ငါးကီလိုမီတာပတ်လည်အတွင်း မည်သည့်မိုးကြိုးလျှပ်စီး​မျှ မဝင်ရောက်နိုင်ပေ။

ထိုအချိန်တွင် မိုးကြိုးနဂါးသည် လုချန်ရှန်း၏ဝိညာဉ်ရေးရာစွမ်းအင်အကာအကွယ်ဇုန်ထဲသို့ ရောက်ရှိနေပြီဖြစ်၏။

အုန်း..

မိုးကြိုးနဂါးများသည် ထိုအတားအဆီးကို အရူးအမူးတိုက်ခိုက်လေသည် ။

ထိုအတားအဆီးပေါ်တွင် လှိုင်းလုံးတစ်လုံးပေါ်လာသော်လည်း ထိုထက်ပို၍ နောက်ထပ်မထိုးဖောက်နိုင်တော့ပေ။

တစ်မီလီမီတာမျှပင် မထိုးဖောက်နိုင်။

လုချန်ရှန်းက သူ့လက်ညှိုးကိုညွှန်လိုက်လေရာ ထိုလက်ချောင်းဆီမှအင်အားတစ်ရပ်သည် မိုးကြိုးနဂါးကို ထိုးခွင်းသွားလေသည်။

မိုးကြိုးနဂါးသည် အလင်းအမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည် ။

ကောင်းကင်ထက်က မျက်နှာကြီးကို အာရုံစူးစိုက်ကာကြည့်လိုက်ပြီး စကားဆို၏။

"တာအိုကျင့်ကြံသူငတိ.. မင်း ဒီစကြာဝဠာထဲမှာ ပိတ်မိနေတာပဲဖြစ်ရမယ် ဟုတ်တယ်မလား။ မင်းသာ ငါတို့ကိုမနှောင့်ယှက်ဘူးဆိုရင် ငါတို့တွေက မင်းကို ဒီစကြဝဠာထဲကနေ ထွက်သွားလို့ရအောင် ကူညီပေးမယ်"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now