အခန်း ၁၅၂ : ပုန်းအောင်းနေသောလီယုန်
"ကွန်ဖြူးရှပ်ဧကရာဇ်တောင် ဒီလိုပြောလာတယ်ဆိုတော့ အရှင်မရဲ့ဆရာတူမောင်လေးက ပါရမီရှင်တစ်ယောက်ပဲ"
ဟုန်ရင်နှင့် အင်ပါယာဂုရုကြီးတို့က အမွေအနှစ်အပြိုအပျက်ထဲရှိ နင်းချန်ရှင်းနှင့်ကွန်ဖြူးရှပ်ဧကရာဇ်တို့၏စကားဝိုင်းကို အလင်းရောင်မျက်နှာပြင်ပေါ်မှတစ်ဆင့် ပြတ်သားရှင်းလင်းစွာ မြင်နေရလေသည်။
သူတို့နှစ်ယောက်ဟာ ထိုစကားဝိုင်းကိုလည်း သဘာဝကျကျပင်ကြားလိုက်သေးသည်။ ဟုန်ရင်က တခစ်ခစ်ရယ်မောလိုက်သည်။
"တတိယဆရာတူမောင်လေးကို ဆရာကိုယ်တိုင်ရွေးချယ်ပြီးတပည့်အဖြစ်သတ်မှတ်ထားတာဆိုတော့ နယ်နယ်ရရဘယ်ဟုတ်မလဲ"
အင်ပါယာဂုရုကြီးလည်း ခေါင်းညိတ်လိုက်မိသည်။ ကြည့်ရသည်မှာ အရှင်မ၏ဆရာက သာမန်လူတစ်ယောက်မဟုတ်တန်ရာ။
သူ့တပည့်များ၏ပင်ကိုစွမ်းရည်မှာ ထူးကဲလွန်းလှပေသည်။ ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုမှာ ထူးချွန်ထက်မြက်ပြီး မဟူရာကမူ ပြိုင်ဘက်ကင်းလေသည်။ နင်းချန်ရှင်း၏ကွန်ဖြူးရှပ်တာအိုအဆင့်ကို ကွန်ဖြူးရှပ်ဧကရာဇ်ကပင် အသိအမှတ်ပြုထားချေသည်။ သူတို့ခေတ်အခါတုန်းကဆိုလျှင် ကွန်ဖြူးရှပ်ဧကရာဇ်က ကွန်ဖြူးရှပ်တာအို၏ တစ်ဦးတည်းသောဥသျှောင်ဟုပင် လူသိများကျော်ကြားလေသည်။
ကွန်ဖြူးရှပ်ဧကရာဇ်က နောင်အနာဂတ်တွင် နင်းချန်ရှင်း၏အောင်မြင်မှုမှာ သူ့ကိုပင်ကျော်လွန်သွားမည်ဟုဆိုသွားလေသည်။ အင်ပါယာဂုရုကြီးသာလျှင် ထိုစကား၏နောက်ကွယ်ရှိအဓိပ္ပာယ်ကို နားလည်သည်။
ဟုန်ရင်ကမူ ထိုစကားကို အာမခံချက်တစ်ခုအဖြစ် မှတ်ယူလိုက်သည်။
ထိုအချိန်တွင် နင်းချန်ရှင်း၊ မဟူရာနှင့် မုဝမ်အာတို့မှာ အမွေအနှစ်တစ်ခုစီရသွားပြီဖြစ်၏။ ယဲ့ချိုးပိုင်ကမူ မီးတောက်ဆန္ဒနှင့် လေပြည်ဆန္ဒကိုသိမြင်နားလည်နှင့်ပြီးဖြစ်သည်။ လျန်ဖန်းနှင့်မုရုန်ဇီတို့မှာ တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့်ကြည့်လိုက်မိကြသည်။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
ActionAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-10•1•2025(friday)