အခန်း ၁၆၃ : အဋ္ဌမမြောက်ဓားချက်၊ သုတ်သင်ခြင်း
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားတွင် စုစုပေါင်း ဓားသိုင်းကိုးကွက်ရှိသည်။ ဓားချက်တစ်ချက်ချင်းစီမှာ ယခင်တစ်ခုထက် ပိုမိုသန်မာလေသည်။ အလားတူပင် သုံးစွဲရသောဝိညာဉ်ရေးရာချီစွမ်းအင်ကလည်း ပိုမိုများပြားလှသည်။
ယဲ့ချိုးပိုင်အနေနှင့် ရှေ့ဓားသိုင်းအကွက်ခုနစ်ကွက်ကို စိတ်တိုင်းကျသုံးပြီးပြီဖြစ်၏။ ဤဆဋ္ဌမမြောက်သိုင်းကွက်ကို သူ ရေစီးသန်လှသည့်ရေတံခွန်မှာတုန်း တစ်ကြိမ်သုံးခဲ့ဖူးပြီး ထိုသိုင်းကွက်မှာ သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်များကို အကုန်ကုန်ခမ်းသွားစေခဲ့သည်။ လုချန်ရှန်း၏ဆေးလုံးကြောင့်သာမဟုတ်ပါက ပြန်လည်အားပြည့်ဖို့ ရက်ပေါင်းများစွာအချိန်ယူရမည်ဖြစ်၏။ ယဲ့ချိုးပိုင်လည်း ပေါ့ပေါ့ဆဆမနေရဲပေ။
ဖုတ်ကောင်များရောက်မလာခင်မှာပင် သူ ထိုလူသုံးယောက်ကိုချေမှုန်းမှဖြစ်ပေလိမ့်မည်။ အကယ်၍ အထမမြောက်ဘူးဆိုပါက ဤတစ်ခေါက်တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်းထွက်ခွာရလိမ့်မည်သာ။
ထိုသို့မဟုတ်ပါက ဖုတ်ကောင်ကြီးနီးကပ်လာသည်နှင့် သူတို့လည်း ကြီးမားလှသောထိခိုက်ဆုံးရှုံးမှုများကို ခံစားရပေလိမ့်မည်။
ထို့ကြောင့် ယဲ့ချိုးပိုင်အနေနှင့် ဖုတ်ကောင်ကြီးရောက်မလာခင်မှာ တစ်ဖက်လူ၏ခွန်အားကို ခွန်အားကုန်ထုတ်သုံး၍ရင်ဆိုင်ရပေမည်ဖြစ်၏။
ယခုထုတ်သုံးလိုက်သည့် အဋ္ဌမမြောက်သိုင်းကွက်မှာ အာဒိကပ္ပဓားသိုင်းကျမ်းကလွဲလျှင် ယဲ့ချိုးပိုင်သုံးသမျှထဲ၌ အစွမ်းထက်ဆုံးဓားသိုင်းကျင့်စဉ်ပင်ဖြစ်၏။
ယဲ့ချိုးပိုင်တစ်ယောက် မှော်နက်မိစ္ဆာဓားသွားကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီးပြီးချင်း ဓားဆန္ဒမြစ်ပြင်ကြီးပေါ်ကိုခြေချလိုက်ပြီးနောက် သူ့အရှိန်အဝါသည်လည်း သိသိသာသာပြောင်းလဲသွားဟန်တူလေ၏။ မှော်နက်အရှိန်အဝါတစ်ခုက သူခန္ဓာကိုယ်တစ်ခုလုံးဆီကထွက်ပေါ်လာပြီးနောက် မျက်ခုံးနှစ်ဖက်ကြားနေရာလေးမှတစ်ဆင့် သူ့ခန္ဓာကိုယ်ဆီသို့ ပျံ့နှံ့သွားပေသည်။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
AçãoAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-10•1•2025(friday)