အခန်း ၁၄၃ : ဆန္ဒအဆင့်လေးမျိုး
ရွှေရောင်သံချပ်ကာရုပ်တုများကို ကိုင်တွယ်ဖြေရှင်းပြီးလေပြီ။
သို့သော် ယဲ့ချိုးပိုင်က အများဆုံးကူညီထောက်ပံ့ပေးခဲ့ကြောင်း လူတိုင်းသိကြလေသည်။ ကာကွယ်တားဆီးရေးမှာဖြစ်စေ နောက်ဆုံးပိတ်တိုက်ခိုက်မှုမှာဖြစ်စေ ယဲ့ချိုးပိုင်က အရေးကြီးဆုံးအခန်းကဏ္ဍမှာပါဝင်ခဲ့သည်။
မုရုန်ဇီကလည်း ယဲ့ချိုးပိုင်သာမပါလျှင် ထိုရွှေရောင်သံချပ်ကာရုပ်တုကြီးနှစ်ခုကို ဤမျှအချိန်တိုအတွင်း သူရင်ဆိုင်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ကြောင်း နားလည်သဘောပေါက်လေသည်။ ဤရွှေရောင်သံချပ်ကာရုပ်ကြီး၏ခွန်အားအစစ်အမှန်မှာ အာကာသနတ်ဘုရားအဆင့်နှင့်ပင် နီးစပ်နေပြီဖြစ်၏။
ထို့ကြောင့် သူ့နှလုံးသားက အနည်းငယ်လေးလံနေခဲ့ရခြင်းပင်။ အစတုန်းက သူဟာ ထိပ်တန်းပါရမီရှင်များထဲမှတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်ဟု သူ့ကိုယ်သူထင်ခဲ့မိသော်လည်း ယဲ့ချိုးပိုင်အရှေ့မှာမူ သူသည် တစ်ဖက်လူကို စင်စစ်အနိုင်ပိုင်းနိုင်စွမ်းမရှိတော့ပေ။
အချိန်ကျလာလျှင် ယဲ့ချိုးပိုင်၏အဆင့်က မြင့်တက်လာပြီး သူ့ခွန်အားကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် အလွန်အမင်းမြင့်တက်လာပေလိမ့်မည်။
လျန်ဖန်းက သူ့ဓားကို ဓားအိမ်ထဲသို့ပြန်ထည့်လိုက်ပြီး ဓားကိုကိုင်ကာ ယဲ့ချိုးပိုင်ဆီသို့ ခါးသက်သက်အပြုံးလေးဖြင့်ချဉ်းကပ်သွားလိုက်လေသည်။
"မင်း အတိအကျပြောရရင် ဘယ်လောက်တောင်ကျင့်ကြံခဲ့တာလဲ။ မင်းက ဘာလို့ ပိုပိုပြီးအစွမ်းထက်လာရတာလဲကွာ"
ယခင်တုန်းက လျန်ဖန်းအနေနှင့် အနည်းဆုံးတော့ သူ့မှာ ယဲ့ချိုးပိုင်ကိုအမီလိုက်နိုင်သည့်အခွင့်အရေးတစ်ခုရှိသည်ဟု ထင်ခဲ့မိသည်။ သူ ယဲ့ချိုးပိုင်ကိုသာအောင်လုပ်နိုင်သည်ဟုတော့ မပြောနိုင်သော်ငြား အနည်းဆုံးတော့ သူ့အရိပ်နောက်ကို အမီလိုက်နိုင်လောက်သည်ဟုပင်။
ယနေ့တိုက်ပွဲအပြီးမှာမူ လျန်ဖန်းခမျာ ထိုကဲ့သို့သောစကားမျိုးကိုပင် မပြောရဲတော့ချေ။ ယဲ့ချိုးပိုင်၏ခွန်အားမှာ အလွန်လျင်မြန်လှစွာတိုးတက်နေပေသည်။ သူ အစွမ်းကုန်ထုတ်သုံး၍ ကျင့်ကြံအားထုတ်လျှင်ပင် သူတို့နှစ်ယောက်ကြားရှိအကွာအဝေးမှာ ကျယ်ပြောလွန်းလှသေးသည်။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
AcciónAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-10•1•2025(friday)