အပိုင်း 160

729 63 1
                                    

အခန်း ၁၆၀ : ရုတ်ခြည်းပြောင်းလဲမှု

ထွက်ခွာသွားကြပြီဖြစ်သော ယဲ့ချိုးပိုင်နှင့်ကျန်လူများမှာ ပြေးရင်းကျယ်ကျယ်လောင်လောင်ရယ်မောနေကြလေသည်။

"အံ့သြစရာပဲ"

"အမှန်ပဲ။ အစ်ကိုယဲ့ရဲ့အစီအစဉ်ကတော့ မိုက်ချက်ပဲ။ ဘာဆုံးရှုံးမှုမှလည်းမရှိဘဲ ရန်သူဘက်ကလူတွေအများကြီးကို အပြတ်ရှင်းပစ်တာ"

ဤရက်ပိုင်းအတွင်း၌ မြောက်ပိုင်းမဟာမိတ်များဟာ နေမဝင်အင်ပါယာထံမှာ အပြတ်အသတ်ရှုံးနိမ့်နေခဲ့ရပြီး သူတို့၏ခုခံရေးစည်းကလည်း ဆက်တိုက်ချိုးဖောက်ခံနေခဲ့ရသည်။

ထိုအချက်ကြောင့် လူတိုင်းအသက်ပင်ကောင်းကောင်းမရှူရဲပေ။ တစ်ချိန်တည်းမှာပင် စိတ်ဓာတ်များလည်းကျနေခဲ့သည်။

ယခုမူ ချုံခိုတိုက်ခိုက်မှုက ကြီးမားလှစွာသောအကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေခဲ့သည့်အတွက် လူတိုင်းလည်း အလွန်အမင်းစိတ်လှုပ်ရှားနေကြပေသည်။

ကျန်းချောင်မြန်ကလည်း ပြုံးလျက်ပြောလာ၏။

"ညီအစ်ကိုယဲ့.. ငါမတွေ့တာတောင်တော်တော်ကြာသွားတယ်။ မင်း ပိုပိုပြီးအင်အားကြီးလာတာပဲ"

ရေအလျဉ်ပြည့်လျှံရေးနှောင်းပိုင်းအဆင့်ကိုရောက်ရှိနေသော ယဲ့ချိုးပိုင်ကြောင့် ကျန်းချောင်မြန်လည်း ကူကယ်ရာမဲ့နေရချေသည်။ မူလကတော့ ကျန်းချောင်မြန်သည် ယဲ့ချိုးပိုင်ကို သူအရောက်လှမ်းရမည့်ရည်မှန်းချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

ဤရက်ပိုင်းအတွင်း၌ ယွင်ကျင်း၏လမ်းပြသွန်သင်မှုနှင့် စိတ်တန်ခိုးရှင်ဘုံထဲကရလာခဲ့သောအကျိုးအမြတ်များကြောင့် ကျန်းချောင်မြန်၏ခွန်အားမှာ သိသိသာသာမြင့်တက်လာခဲ့ပေသည်။

သူနှင့်ယဲ့ချိုးပိုင်ကြားရှိကွာဟချက်ကို သိသိသာသာချုံ့လိုက်နိုင်ပြီဟု သူထင်ထားခဲ့သော်လည်း တစ်ချက်ကြည့်ရုံမျှဖြင့် သူတို့ကြားရှိကွာဟချက်မှာ ကြီးသည်ထက်ကြီးလာလေတော့သည်။

ယဲ့ချိုးပိုင်ကပြုံးလိုက်မိပြီး လူအုပ်ကြီးကလည်း ခပ်မြန်မြန်လှည့်ပြန်လာခဲ့လိုက်သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now