အပိုင်း 158

808 54 0
                                    

အခန်း ၁၅၈ : မှောင်မည်းပြီးလေထန်သောည

ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းအပြင်ဘက်မှာ ချုံခိုတိုက်ခိုက်မည်တဲ့လား။ ယဲ့ချိုးပိုင်၏စကားများမှာ ထိတ်လန့်ဖွယ်ရာပင်။ အားလုံးလည်း အနည်းငယ်မှင်တက်နေချေသည်။

ထိုလူများထဲတွင် မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေထဲတွင်တည်ရှိသော မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်က မျက်မှောင်ကြုတ်လျက် စကားဆိုလာလေသည်။

"ကောင်လေး မင်းဘာပြောနေတယ်ဆိုတာရောသိရဲ့လား"

"ချုံခိုတိုက်ခိုက်မဲ့အစား ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းကိုကာကွယ်ရမှာမဟုတ်ဘူးလား"

"တစ်ဖက်ရန်သူရဲ့အင်အားက ငါတို့ထက်ပိုသာတယ်ဆိုတာသိလား"

"ပြီးတော့လည်း အာကာသနတ်ဘုရားအဆင့်ဖုတ်ကောင်သုံးကောင်လည်းရှိသေးတယ်"

ထိုစကားကိုကြားသော် အားလုံးခေါင်းညိတ်လိုက်ကြလေသည်။

သူတို့အားလုံး ဝူဒီရှီ၏အစီအစဉ်ကိုထောက်ခံကြသည်မှာ သိသာလှ၏။ ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းကိုကာကွယ်ပြီး ပင်မကျောင်းတော်ထံမှအကူအညီကိုစောင့်ဆိုင်းနေသည်မှာ ပိုလုံခြုံပေသည်။

ဝူဒီရှီက ဘာမှဝင်မပြောဘဲ ယဲ့ချိုးပိုင်ကိုသာ တိတ်တဆိတ်စိုက်ကြည့်နေ၏။

ယွင်ကျင်းကစကားဆိုလာသည်။

"မင်းအမြင်ကိုပြောပါဦး"

ထိုစီနီယာ၏တပည့်တစ်ဖြစ်လဲ ယဲ့ချိုးပိုင်ဟာ နယ်နယ်ရရမဟုတ်လှပေ။ ထို့ပြင် ဓားသိုင်းကျင့်ကြံသူတစ်ယောက်အဖြစ် သူ့မှာ ဓားသိုင်းစိတ်နှလုံးနက်နဲသိမ်မွေ့မှုမျိုးရှိသည်။

ယဲ့ချိုးပိုင်အနေနှင့် ကိစ္စများကိုရှုမြင်ဆင်ခြင်ရာ၌ သူမတူသောရှုထောင့်နှင့် လျှို့ဝှက်အန္တရာယ်များကိုမြင်နိုင်ပေသည်။

ယဲ့ချိုးပိုင်က ယွင်ကျင်းကိုလှမ်းကြည့်ပြီး ခေါင်းဆတ်ပြ၏။

"တစ်ဖက်ရန်သူက အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ဖုတ်ကောင်သုံးကောင်ဖြစ်နေတဲ့အတွက် ခွန်အားအရာမှာ ကျွန်တော်တို့ထက်သာတာအမှန်ပါပဲ"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now