အခန်း ၁၄၁ : အပိုင်စီးခံရခြင်း၊ အမျိုးသားတစ်ယောက်ကိုဝါးမျိုလိုက်သောခေါင်းတလား
အနက်ရောင်ခန်းမထဲတွင် အလွန်တရာတိတ်ဆိတ်နေချေသည်။ သို့သော် အရှိန်အဝါများကတော့ ခေါင်းတလားထဲမှစိမ့်ထွက်နေပြီး ခန်းမပတ်ပတ်လည်ကို ဖြည်းဖြည်းချင်းဝန်းပတ်ထားလိုက်သည်။
အချိန်များကုန်လွန်လာသည်နှင့်အမျှ ကြီးကျယ်ခမ်းနားသော အနက်ရောင်အငွေ့ကလည်း သိပ်သည်းသည်ထက်သိပ်သည်းလာချေသည်။ အထဲရှိမကောင်းဆိုးဝါးအရှိန်အဝါကလည်း အကောင်အထည်ပေါ်လာပြီး အနက်ရောင်ရေစက်များအဖြစ်သို့ပြောင်းလဲကာ ဆက်တိုက်တစက်စက်ကျနေသည်။
အချိန်တစ်ခုကြာပြီးနောက် နောက်ထပ်မကောင်းဆိုးဝါးအရှိန်အဝါတစ်ခုက ခေါင်းတလားထဲမှတစ်ဆင့် ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။ ထို့နောက် ထိုမကောင်းဆိုးဝါးအရှိန်အဝါက ခေါင်းတလား၏အဖုံးကို တိုက်ရိုက်ထိုးဖောက်ဖွင့်ချလိုက်လေတော့သည်။
အချိန်အတော်ကြာသည်အထိ အခြေအနေမထူးလာပေ။
ထိုအခိုက်အတန့်လေးမှာ လက်တစ်ဖက်က ခေါင်းတလားထဲမှ ရုတ်တရက်ထွက်လာသည်။ ခေါင်းတလားကိုအမှီသဟဲပြုရင်း သူ ဖြည်းဖြည်းချင်းထထိုင်လိုက်သည်။
ထိုလူမှာ မတိုင်ခင်က အနက်ရောင်ဝတ်အမျိုးသားပင်။ ဤအခိုက်အတန့်မှာ အနက်ရောင်ဝတ်အမျိုးသား၏မျက်ဝန်းအစုံမှာ မည်းမှောင်နေလေသည်။ သူက သူ့လက်များကိုငုံ့ကြည့်လိုက်ချေသည်။ ထို့နောက် မတ်တတ်ထရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားကြည့်လိုက်သည်။ သူ တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပင် အကြောင်းမဲ့ထရယ်လေတော့သည်။
"ဟားဟားဟားဟား… နောက်ဆုံးတော့... နောက်ဆုံးတော့"
"ငါ့ဝိညာဉ်က နှစ်ပေါင်းတစ်သိန်းလောက် ငါ့ဝိညာဉ်ကိုချုပ်နှောင်ခံခဲ့ရတာ.. နှစ်ပေါင်းတစ်သိန်း"
"အဘိုးကြီး..ကျုပ်ထွက်လာပြီလေ"
အနက်ရောင်ဝတ်အမျိုးသား၏ခန္ဓာကိုယ်ကား အပိုင်စီးခံလိုက်ရလေပြီ။ သူ့ဝိညာဉ်ကတော့ ထိုအခိုက်အတန့်လေးမှာပင် သုတ်သင်ခံလိုက်ရပြီဖြစ်၏။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
ActionAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-10•1•2025(friday)