အပိုင်း 137

1.1K 72 0
                                    

အခန်း ၁၃၇ : ဆန်းကြယ်လှသောအမည်းရောင်ဝတ်အမျိုးသား

တောင်ပိုင်းဒေသသဲကန္တာရတွင်…

စိတ်တန်ခိုးရှင်ဘုံအကြောင်းကို သတင်းရလိုက်သောလူများကလည်း အနယ်နယ်အရပ်ရပ်မှအပြေးရောက်လာကြသည်။ ရှေးဟောင်းလျှို့ဝှက်ဘုံတစ်ခု၏အတွင်းပိုင်းတွင် မြောက်များလှစွာသောအမွေအနှစ်များလည်းရှိပြီး ရှေးဟောင်းအမွေအနှစ်တစ်ခုမှာ လူတစ်ယောက်ကို ကောင်းကင်ထိတိုင်ဆန်တက်သွားအောင် စွမ်းဆောင်ပေးနိုင်လေသည်။ ထိုကဲ့သို့သောမက်လုံးမျိုးကို သူတို့ဘယ်လိုလုပ်ငြင်းဆန်နိုင်မလဲလေ။

လူသားများဟာ စည်းစိမ်အတွက်အသက်ပေးကြရပြီး ငှက်များကမူ အစားအသောက်ကြောင့်သေဆုံးကြရသည်။ ကျင့်ကြံအားထုတ်သူများမှာ ထိုအမွေအနှစ်များကိုအရယူရန်အတွက် အရိုးကြေကြေအရေခမ်းခမ်းတိုက်ခိုက်ကြလေသည်။

ချင်းထျန်းနျန်ကလည်း ယဲ့ချိုးပိုင်နှင့်ကျန်လူများကို ဤနေရာသို့ခေါ်လာခဲ့လေသည်။ ဤနေရာရှိလူများလည်း သူတို့ကိုလှည့်ကြည့်လာကြသည်။

သို့သော် တောင်ပိုင်းဒေသ၏လျှို့ဝှက်တာအိုကျောင်းတော်မှလူများဖြစ်နေသည်ကိုမြင်သောအခါ သူတို့ အာရုံမစိုက်ကြတော့ချေ။ ချင်းထျန်းနျန်က သတင်းကိုဖြန့်ဝေပေးလိုက်သူဖြစ်သော်ငြား တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်မှာ အလွန်အားနည်းလွန်းလှပေသည်။ ဤကမ္ဘာပေါ်တွင် အားနည်းသူများအနေနှင့် ပြောရေးဆိုခွင့်မရှိကြသလို အခြားလူများဆီကလည်း တန်ဖိုးမထားခံရချေ။

ချင်းထျန်းနျန်ကတော့ လုံးဝဂရုမစိုက်ပေ။ သူက ယဲ့ချိုးပိုင်နှင့်အခြားလူများကိုပြောလိုက်၏။

"နေ့လယ်ကျရင် ငါတို့ ဥမင်ပေါက်ကိုဖွင့်ဖို့ အင်အားပူးပေါင်းရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်းတို့လည်းဝင်လို့ရတယ်"

"ဒီစိတ်တန်ခိုးရှင်ဘုံထဲကို ဘယ်သူမှမဝင်ရသေးလို့ အထဲမှာဘာရှိတယ်ဆိုတာလည်း ဘယ်သူမှမသိဘူး"

"အဲ့ဒါကြောင့် မင်းတို့ရဲ့လုံခြုံရေးက အရေးကြီးဆုံးပဲ"

စကားပြောနေသည့်အချိန်မှာ ချင်းထျန်းနျန်၏အမူအရာမှာ တည်ငြိမ်နေပြီး သူ့လေသံကလည်း သတိပေးနေလေဟန်အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now