အခန်း ၁၈၆ : လုချန်ရှန်းကို မျက်စိကျနေတာလား
ထိုလူ့စကားကိုကြားသောအခါ ဟွမ်းထျန်းမင်လည်း သူ၏အလောင်းကောင်ချီစွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလိုက်ရသည်။ ထို့နောက် နှာမှုတ်လျက် ဘာမှမပြောတော့ပေ။ ယပ်တောင်ကိုင်ထားသောလူကို သူကြောက်ရွံ့နေသည်မှာ ထင်ရှားလှသည်။
ဟွမ်းယီထုံကလည်း တရိုတသေပြောလာ၏။
"သံတမန်ကြီး"
နင်းချန်ရှင်းကို အံ့အားသင့်သွားစေသောအရာမှာ ဤတိုက်နယ်ကြီးပေါ်ရှိ အထွတ်အထိပ်အဆင့်ဖြစ်တည်မှုလည်းဖြစ်၊ အာကာသနတ်ဘုရားအဆင့်ပညာရှင်များလည်းဖြစ်သော ဗုဒ္ဓအကြီးအကဲနှစ်ပါးက ယပ်တောင်ကိုင်ထားသောထိုလူကို တစ်ဖန်ပြန်လက်အုပ်ချီ၍ တရိုတသေပြောလိုက်ခြင်းပင်။
"အော်မီတောဖော သံတမန်ကြီး"
နင်းချန်ရှင်းလည်း လှမ်းကြည့်လိုက်မိသည်။ သိသာနေသည့်အချက်မှာ သူတို့ကြားတွင် ယပ်တောင်ကိုင်ထားသောလူက အဓိကအချက်အချာဖြစ်နေပေသည်။
သူ့အား နေမဝင်အင်ပါယာနန်းတော်ဆီသို့ ဖိတ်ခေါ်သည့်ကိစ္စအပါအဝင် ဤကိစ္စအားလုံးကို ထိုလူကိုယ်တိုင်အကွက်ချပြီး ညွှန်ကြားထားခြင်းဖြစ်လေမလား။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက နင်းချန်ရှင်းအနားသို့ အံ့သြနေဟန်အမူအရာများဖြင့် လျှောက်လာလေသည်။
"အိုး... ကွန်ဖြူးရှပ်တာအိုကို ဒီလိုအဆင့်အထိရောက်အောင်ကျင့်ကြံနိုင်တာ သိပ်တော့မရိုးရှင်းဘူး"
"အရင်းအမြစ်ပိုကြွယ်ဝတဲ့ကမ္ဘာကိုသွားချင်လား"
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသား၏စကားကို ကြားသောအခါ အားလုံးအံ့သြထိတ်လန့်သွားကြသည်။
သူတို့ နင်းချန်ရှင်းကိုကြည့်လိုက်မိကြသည်။
ဒီကောင်လေးရဲ့အရည်အချင်းက သံတမန်တော်ကြီးကိုဆွဲဆောင်လိုက်နိုင်သလား။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက သူ့လက်ထဲရှိယပ်တောင်ကိုဖြန့်လျက် ပြောလိုက်လေသည်။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
ActionAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-