အခန်း ၁၄၇ : အရူးအမူးဖြစ်နေသောမဟူရာ
တစ်ဖက်တွင်မူ မဟူရာနှင့်နင်းချန်ရှင်းတို့ကလည်း အမွေအနှစ်အပြိုအပျက်ထဲသို့ သက်သက်စီဝင်သွားကြသည်။
ဟုန်ရင်ကတော့ စိတ်တန်ခိုးရှင်ဘုံအတွင်းပိုင်းထဲသို့ ဆက်လျှောက်လာလိုက်သည်။
မဟူရာကတော့ ထိုအချိန်မှာ အပြိုအပျက်ခန်းမအတွင်းနက်နက်ထဲသို့ ရောက်နှင့်နေပြီးဖြစ်၏။ အဆုံးမဲ့ငရဲဘုံနှင့်အလားသဏ္ဌာန်တူသည့် သူ့ရှေ့ရှိမြင်ကွင်းကို မြင်လိုက်ရ၏၊
တိမ်စိုင်မည်းတို့က ကောင်းကင်ကိုဖုံးလွှမ်းထားပြီး လျှပ်စီးတို့ကလည်း တလက်လက်...။ မိုးကြိုးခြိမ်းသံကလည်း မိုးကြိုးနဂါးတစ်ကောင်အလားပင်။ မြေပြင်ပေါ်မှာမူ မရေမတွက်နိုင်အောင်များပြားသော အက်ကွဲကြောင်းများက မြေပြင်တစ်ခုလုံးအနှံ့နေရာယူထားချေသည်။
အက်ကွဲကြောင်းထဲတွင် ချော်ရည်များက ဖြည်းညင်းစွာစီးဆင်းနေလေသည်။ တိုက်ခတ်နေသော လေပူများကလည်း လေထုကိုလောင်ကျွမ်းစေပြီး ပရမ်းပတာဖြစ်အောင်ပြုနေချေသည်။
မဟူရာကလည်း စစ်ဆေးမှုပေါင်းများစွာကို ကျော်ဖြတ်၍ ဤနေရာကိုရောက်လာခြင်းဖြစ်သည်။ သူ့နံဘေးတွင် အရပ်ခပ်ရှည်ရှည်အမျိုးသားတစ်ယောက်က လက်ပိုက်လျက် မတ်တတ်ရပ်နေလေသည်။
ထိုလူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြေးညိုရောင်သမ်းနေလေသည်။ သူက သူ့ရှေ့ရှိအမူအရာကို အေးစက်စက်အမူအရာဖြင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကြည့်ရတာ ဒါကအမွေအနှစ်နယ်မြေဖြစ်မယ်ထင်တယ်"
ထို့နောက် သူက မဟူရာကိုကြည့်၍ ပြောလာလေသည်။
"မင်း ဘယ်ကလာလဲဆိုတာငါမသိပေမဲ့ ဒီနေရာအထိရောက်လာနိုင်စွမ်းရှိပုံထောက်ရင် လျှို့ဝှက်အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့တပည့်ပဲဖြစ်ရမယ်"
မဟူရာက သူ့ခေါင်းကိုကုတ်လျက် အပြစ်ကင်းစင်စွာပြုံးလိုက်လေသည်။ လုချန်ရှန်း မည်မျှအစွမ်းထက်သန်မာသလဲဆိုသည်ကို သူမသိချေ။ သို့သော် ထိုအကြောင်းကိုတွေးကြည့်မိလိုက်ရာ သူတို့အနေနှင့် သူတို့ဆရာကို တိုက်ခိုက်နိုင်စွမ်းမရှိသည်ကိုသိလိုက်ရသည်။ သူ့ဆရာတူအစ်ကိုအစ်မများ၏အမြင်အရဖြစ်စေ၊ သူ့ကိုယ်ပိုင်အမြင်အရဖြစ်စေ လုချန်ရှန်း၏ခွန်အားမှာ နက်နဲလွန်းလှပေသည်။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
ActionAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-10•1•2025(friday)