အခန်း ၈၁ : မဟာတိုက်ခိုက်ရေးခေတ်
ဗုဒ္ဓနှင့် ပဋ္ဌာန်းဆက်ပါသည်တဲ့လား။
နင်ချန်းရှင်းသည် သူ့ရှေ့ရှိ သင်္ကန်းဝတ်ထားသောဘုန်းကြီးကိုကြည့်ပြီး များများစားစားစားမတွေးမိပေ။ သူသည် ခေါင်းကိုခါယမ်းလျက် ငြင်းပယ်လိုက်သည်။
"တောင်းပန်ပါတယ်။ ကျွန်တော်က တခြားဂိုဏ်းကပါ"
ဘုန်းကြီးအိုကြီးက ထိုစကားကိုကြားသောအခါ ဒေါသထွက်ခြင်းအလျဉ်းမရှိချေ။ ထိုပုဂ္ဂိုလ်က သူ့အား ဆက်လက်သွေးဆောင်နေပြန်၏။
"အကျိုးတော်ဆောင်ကြီး.. မင်းရဲ့ဗုဒ္ဓအထုံပါရမီက အရမ်းနက်နဲတယ်။ ငါနဲ့အတူ စိတ်ကြည်လင်သန့်စင်ရေးဘုရားကျောင်းကို လိုက်ခဲ့မယ်ဆိုရင် ကမ္ဘာကြီးကို ဗုဒ္ဓလမ်းစဉ်တွေနဲ့ကယ်တင်နိုင်မှာ"
ထိုစကားကိုကြားသည့်တိုင် နင်ချန်းရှင်းက ခေါင်းခါပြနေဆဲပင်။
ဘုန်းကြီးအိုကြီးကလည်း အပြုံးလေးဖြင့်ဆိုလာ၏။
"အကျိုးတော်ဆောင်ကြီး ဘာလို့ခေါင်းပဲခါနေရတာလဲ"
နင်ချန်းရှင်းကလည်း ခွန်းတုံ့ပြန်၏။
"မဟာတာအိုလမ်းစဉ်က ပန်းတိုင်တစ်ခုတည်းရှိတာပါ။ ဗုဒ္ဒကလည်း တာအိုပါပဲ။ ကျွန်တော်က ကမ္ဘာကြီးကိုကယ်တင်ဖို့ ဘာလို့ စိတ်ကြည်လင်သန့်စင်ရေးဘုရားကျောင်းကိုသွားရမှာလဲ"
ဘုန်းကြီးအိုကြီးက ပြောသည်။
"စိတ်ကြည်လင်သန့်စင်ရေးဘုရားကျောင်းက ဗုဒ္ဓတရားတော်တွေကို ဟောပြောပို့ချပေးဖို့အတွက် ပဓာနထားတာပါ"
"ပြီးတော့ ဖရိုဖရဲဖြစ်နေတဲ့ဒီနေ့ခေတ်ကြီးမှူ ဗုဒ္ဒတရားတော်တွေကသာ အသင့်တော်ဆုံးပဲ"
"အခု မဟာတိုက်ခိုက်ရေးခေတ်ကြီးကလည်း ရောက်လာတော့မယ်။ ငါစိုးရိမ်မိတာက ငါတို့ဗုဒ္ဓဂိုဏ်းကြီးက လူတွေကို ဒီကပ်ဘေးကြီးကနေကယ်မထုတ်နိုင်မှာကိုပဲ"
မဟာတိုက်ခိုက်ရေးခေတ်ကြီးတဲ့လား။
နင်ချန်းရှင်း ပဟေဠိဖြစ်သွားရသည်။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
ActionAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-10•1•2025(friday)