အပိုင်း 188

618 53 0
                                    

အခန်း ၁၈၈ : ဧကရီ၏သရုပ်မှန်

မြောက်ပိုင်းရေခဲပြင်ပေါ်၌...

လုချန်ရှန်း သူ့တပည့်ဆီက သတင်းပို့ချက်တစ်ခုကိုလက်ခံရရှိလိုက်သည်။ နားထောင်ကြည့်ပြီးနောက် သူ့အမူအရာမှာ အနည်းငယ်ပျက်ယွင်းသွားရလေသည်။

"ဒီကောင်စုတ်လေးတွေ အေးအေးဆေးဆေးမနေနိုင်ကြဘူးလား။ ဘာလို့ နေ့တိုင်းပြဿနာရှာနေကြတာလဲ။ မဖြစ်ဘူး။ ပြန်ရောက်ရင် သူတို့ကိုအလုပ်တစ်ခုခုပေးထားမှဖြစ်မယ်"

ထိုသို့ပြောပြီးနောက် လုချန်ရှန်းက သူ့လက်မောင်းကြားရှိစာအုပ်တစ်အုပ်ကိုထိလိုက်သည်။ အစီအရင်၏အစွန်နားတွင် စာလုံးနှစ်လုံးကို ထင်ထင်ရှားရှားမြင်နေရသည်။

ဟူနန်အစားအသောက်များ...

သို့သော် ဤသည်ကား ပြဿနာမဟုတ်ပေ။

လုချန်ရှန်းလည်း မဟူရာ့ကိုသယ်၍ နေမဝင်အင်ပါယာဆီသို့အပြင်းနှင်လေတော့သည်။

ခွန်အားကို ဆေးဝါးအကူအညီယူ၍ ပြန်ဖြည့်ထားလျှင် သူ့အခြေခံအုတ်မြစ်ကား မတည်မငြိမ်ဖြစ်နိုင်သည်။ သို့သော် အဆင့်နိမ့်ဆေးဝါးများကသာ ထိုသို့ဖြစ်တတ်သည်။ လုချန်ရှန်း၏ဆေးဝါးများက ထိုကဲ့သို့သောပြဿနာမျိုးမပေါ်တတ်ချေ။

သို့သော် လူတစ်ယောက်ဟာ ကျင့်ကြံရေးလမ်းကြောင်းကို ဆက်လျှောက်လှမ်းဖို့အတွက် မိမိကိုယ်ကိုသာအားကိုးရမည်ဖြစ်၏။ ထို့ကြောင့် လုချန်ရှန်းက သူ့တပည့်များ၏ခွန်အားကိုတိုးတက်အောင်လုပ်ဖို့အတွက် ဆေးဝါးအကူအညီမယူရခြင်းဖြစ်၏။

အလားတူပင် သူ့တပည့်များ၏ပြဿနာမှန်သမျှကို ကူညီရှင်းလင်းပေးလိုက်ပါက ယဲ့ချိုးပိုင်တို့၏ကျင့်ကြံရေးလမ်းကြောင်းအတွက် အကျိုးယုတ်စေနိုင်သည်။

မိုးဒဏ်လေဒဏ်များကိုသာ သူတို့ခံနိုင်ရည်မရှိပါလျှင် လှပလွန်းသောသက်တံ့ကိုအဘယ်မှာမြင်နိုင်မည်တဲ့လဲ။ အထွတ်အထိပ်၌ရပ်တည်နေသူများထဲတွင် သေရေးရှင်ရေးအခြေအနေကို မကြုံတွေ့ဖူးသူဟူ၍မရှိချေ။

အရည်အချင်းက အရေးပါတာကတော့ သေချာပေါက်ပင်။

ထိုအချိန်တွင် ဟွမ်းထျန်းမင်က သူ့အကြည့်ကို ဟုန်ရင့်ဆီသို့ပို့လိုက်၏။ ထို့နောက် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူ့အရှိန်အဝါကို အလွန်ရင်းနှီးနေ၏။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now