အပိုင်း 139

1K 73 1
                                    

အခန်း ၁၃၉ : မျိုးရိုးရဲ့လမ်းညွှန်မှုကြောင့် ကောင်းကင်ဘုံနှင့်ကမ္ဘာ​မြေ​ပေါ်က တစ္ဆေနတ်ဘုရားများနှင့်ဆက်သွယ်ခြင်း

လီယုန့်မျိုးရိုး၏အစွမ်းမှာ ကမ္ဘာပေါ်ရှိတစ္ဆေများနှင့် နတ်ဘုရားများကို ဆက်စွယ်နိုင်စွမ်းရှိခြင်းပင်။

သူကျင့်ကြံသောသိုင်းကျင့်စဉ်ကလည်း တစ်ပါးသူများ၏စိတ်အစဉ်ကို ရှုပ်ထွေးစေနိုင်သောသက်ရောက်မှုမျိုးရှိသည်။

စိတ်စွမ်းအင်အားနည်းသော သိုင်းပညာကျင့်ကြံသူများမှာ စိတ်အစဉ်လည်း မတည်ငြိမ်ကြသလို လီယုန်မျိုးနွယ်ထက် ကျင့်ကြံရေးအဆင့်နိမ့်ကြသည်။

ခုခံနိုင်ခြေမရှိဟုပင် ပြောနိုင်လေသည်။

ယဲ့ချိုးပိုင်က ပတ်ပတ်လည်ကိုလှည့်ကြည့်၍ ပြောလိုက်လေသည်။

"ဘယ်သူသွားချင်လဲ"

ဟုန်ရင်ကပြုံးလျက်ပြောသည်။

"ဆရာတူအစ်ကို ရှင့်ရဲ့ခွန်အားကိုမမြှင့်တင်ချင်ဘူးလား။ အစ်ကို့ကိုပဲ လွှဲထားလိုက်ပါ့မယ်"

မဟူရာက ခေါင်းတကုတ်ကုတ်လုပ်၍ အပြစ်ကင်းစင်စွာပြုံးလိုက်လေသည်။

"ကျွန်တော် သွားလိုက်ရမလား"

ယဲ့ချိုးပိုင်က အလျင်စလိုပြောလိုက်ရသည်။

"မဟုတ်ဘူး။ ငါပဲလုပ်ပါရစေ"

အကယ်၍ မဟူရာသာသွားလိုက်ပါက သူ နောက်တစ်ကြိမ်အရူးအမူးသတ်ဖြတ်နေလိမ့်ဦးမည်။ နင်းချန်ရှင်းကမူ ဤမြင်ကွင်းကို တွေးတွေးဆဆကြည့်နေချေသည်။

အမွေအနှစ်များကိုရယူလိုသည့်အတွက် သူ့အမိန့်ကိုနာခံကြသောကျင့်ကြံသူများမှာ အမွေအနှစ်ကိုရယူလိုစိတ်ဖြင့် အချင်းချင်းလည်းသတ်ဖြတ်ကြပေလိမ့်မည်။

ကျင့်ကြံရေးလောကတွင် အားကြီးသူက အားနည်းသူကို နိုင်စားကြသည်။ သူ ဤအခြေအနေကို အမှန်တကယ်ပြောင်းလဲနိုင်ပါ့မလား။

ယဲ့ချိုးပိုင်က သစ်သားဓားကိုကိုင်၍ ထိုလူများရှေ့သို့ရောက်သွားလေသည်။ ထိုအခြင်းအရာကိုမြင်သော် လီယုန် အနည်းငယ်မှင်တက်သွားပေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now