အခန်း ၇၃ : ကျောက်သားမျက်နှာပြင်၏ကျော်ကြားမှု
ထိုအချိန်တွင် ရာချီသန့်စင်ရေးနယ်မြေထဲမှသတင်းများသည် ပျံ့နှံ့သွားပြီဖြစ်၏။
ထိုအခိုက်အတန့်လေးမှာ ၃၄ထပ်မြောက်၌ ပင်လယ်ရေလှိုင်းကနဦးအဆင့်ရှိဓားသိုင်းကျင့်ကြံသူတစ်ယောက်က ချန်းယွမ်အဆင့်တစ်ဝက်ရောက်နေပြီဖြစ်သော မိစ္ဆာသားရဲနှစ်ကောင်ကို တစ်ကိုယ်တည်းရင်ဆိုင်တိုက်ခိုက်နေ၏။
ထို့အပြင် သူ့ဓားသိုင်းစျာန်အဘိညာဉ်သည် မဟာဓားသိုင်းပညာရှင်အဆင့်အထိ ရောက်ရှိနေပြီးဖြစ်၏။
ဤအချက်မှာ လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်နိုင်ပေသည်။
ပင်မဟောခန်းကြီးထဲ၌..
သက်လတ်ပိုင်းလူကြီးတစ်ယောက်က ချင်းထျန်းနျန်ကိုကြည့်ကာ ပြုံးပြလိုက်သည်။
"သူက မျိုးစေ့ကောင်းလေးပဲ။ ဘာလို့ သူ့ကို ပင်မကျောင်းတော်မှာပဲကျင့်ကြံဖို့ မခေါ်ထားနိုင်ရမှာလဲ။ ပြီးတော့လည်း ဒီကအရင်းအမြစ်တွေက ပိုကောင်းတယ်လေ"
ချင်းထျန်းနျန်ကလည်း အပြုံးလေးဖြင့် ပြန်ပြောသည်။
"ဒါက ကျုပ်ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူးလေ။ ပြီးတော့ ချိုးပိုင်ကလည်း ဆန္ဒရှိမှာမဟုတ်ဘူး"
"အိုး"
သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က အံ့သြသွားလေသည်။
"ပင်မကျောင်းတော်ထဲမှာ လေ့ကျင့်ရေးကွင်းပြင်သုံးခုတည်းရှိတာမဟုတ်ဘူး။ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းနဲ့ အရင်းအမြစ်တွေအများကြီးရှိသေးတယ်။ ဒီနေရာမှာကျင့်ကြံလေ့လာတာက အများကြီးအကျိုးရှိတယ်။ သူက ဘာလို့သဘောမတူရမှာလဲ"
"ခင်ဗျားကခွင့်မပြုချင်တာလို့တော့ မပြောနဲ့နော်"
ချင်းထျန်းနျန်က ခေါင်းကိုခါယမ်းလိုက်ပြီး ခပ်ပြုံးပြုံးဖြင့်ပြောလာလေသည်။
"ဒါက ပြဿနာမဟုတ်ပါဘူး။ သူ့မှာ ဆရာမရှိသေးဘူးဆိုရင်လည်း ကျုပ် သူ့ကိုဒီမှာနေဖို့ဖျောင့်ဖျကြည့်လိုက်မယ်။ သူ့အရည်အချင်းက သိပ်ကောင်းနေတာပဲကို"
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
AzioneAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-10•1•2025(friday)