အပိုင်း 179

761 48 0
                                    

အခန်း ၁၇၉ : ဗုဒ္ဒဂိုဏ်းတော်၏ဝင်ရောက်စွက်ဖက်မှု

ရွှေရောင်ဗုဒ္ဓရောင်ခြည်က တိမ်တိုက်များအကြားမှ ထိုးဖောက်ဝင်ရောက်လာသည်။ ၎င်းမှာ နေရောင်ခြည်အလား လူတိုင်း၏ခန္ဓာကိုယ်ပေါ်တွင်ဖြာကျနေပြီး အဘိုးကြီးတစ်ယောက်၏အသံကလည်း ယှဉ်တွဲထွက်ပေါ်လာသည်။

ဗုဒ္ဓရောင်ခြည်ထဲမှာတော့ သင်္ကန်းဝတ်ထားသောယောက်ျားနှစ်ယောက် လေထဲဝဲပျံနေလေသည်။

ဖုတ်ကောင်များကိုတိုက်ခိုက်နေသော တင်းယွင်ဟယ်လည်း ဤမြင်ကွင်းကိုမြင်လိုက်ရချိန်မှာ အနည်းငယ်မှင်တက်သွားချေသည်။

"ဗုဒ္ဓဂိုဏ်းတော်လား"

ဗုဒ္ဓဂိုဏ်းတော်မှာ အနောက်ပိုင်းနယ်မြေထဲရှိ ထိပ်သီးဂိုဏ်းတစ်ခုဖြစ်သည်။ သူတို့၏တပည့်တပန်းများမှာ တိုက်နယ်အနှံ့၌ရှိကြသည်။ သူတို့၏ခွန်အားမှာ ပို၍ပင်ဆန်းကြယ်သေးသည်။

ဗုဒ္ဓဂိုဏ်းတော်တိုက်ခိုက်နေတာကို မည်သူမှမမြင်ဖူးသော်ငြား ဗုဒ္ဓဂိုဏ်းတော်ကို မည်သူကမှရန်မစရဲကြပေ။

ပထမဦးဆုံးအချက်အနေနှင့် သူတို့က အလွန်ဆန်းကြယ်လှသည်။ ဒုတိယမှာ ဗုဒ္ဓဂိုဏ်းတော်က ဂိုဏ်းတော်များနှင့်တော်ဝင်မိသားစုများအကြားရှိသဘောထားကွဲလွဲမှုများတွင် ပါဝင်ပတ်သက်​လေ့မရှိပေ။

တတိယအချက်ကတော့ ဗုဒ္ဓဂိုဏ်းတော်က ဤတိုက်နယ်တွင်တည်ရှိနေခဲ့သည်မှာ ရှေးယခင်ခေတ်များကတည်းကဖြစ်သည်။ ထိုအချက်တစ်ချက်တည်းနှင့်တင် ပြောနေစရာမလိုလောက်အောင် အမျိုးမျိုးသောဂိုဏ်းဂဏများနှင့် တော်ဝင်မိသားစုများက သူတို့ဟာ အနန္တစွမ်းအားရှင်များဖြစ်ကြောင့် သိထားကြသည်။

သူတို့ ယခုအချိန်ထိရပ်တည်နေနိုင်သည့် အကြောင်းအရင်းတစ်ခုလည်းရှိ၏။ ထိုအချက်ကြောင့်လည်း ဗုဒ္ဓဂိုဏ်းတော်ကို မည်သူတစ်ဦးတစ်ယောက်ကမှ ရန်မစရဲကြခြင်းပင်။

သို့သော် ဗုဒ္ဓဂိုဏ်းတော်က ဤနေရာသို့ကြွလာပေသည်။

တိုက်နယ်တစ်ခုလုံး ဒုက္ခမရောက်ရလေအောင် စစ်ပွဲကို အမှန်တကယ်လာတားပြီး ငြိမ်းချမ်းရေးယူစေချင်လေသလား။သူ ထိုသို့ပြောလိုက်လျှင်ပင် မည်သူမှ သူ့ကိုယုံကြလိမ့်မည်မဟုတ်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now