အပိုင်း 168

751 58 1
                                    

အခန်း ၁၆၈ : ချန်ရှင်းတော့ လမ်းမှားရောက်နေပြီထင်တယ်

ယဲ့ချိုးပိုင်၏စကားကိုကြားလိုက်ရပြီးနောက် လူတိုင်း ကောင်းကင်ထက်ကိုကြည့်လိုက်ကြ၏။

ပုံရိပ်နှစ်ခုကား အပြင်းနှင်လာလေသည်။

အနီရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားနှင့်အမျိုးသမီးတို့နှစ်ဦးဖြစ်၏။ သူတို့နှစ်ယောက်၏မျက်နှာမှာ လှပသိမ်မွေ့ပြီး မျက်ဝန်းထဲတွင်လည်း သူရဲကောင်းအငွေ့အသက်များရှိနေချေသည်။

အမျိုးသမီးက စစ်မြေပြင်ထက်ရှိစစ်နတ်ဘုရားမအလား...။ အမျိုးသားကမူ စာအုပ်တောင်းတစ်ခုသယ်ဆောင်ထားပြီး စာပေပညာရှင်တစ်ဦးနှင့်တူလှသည်။ သူတို့မှာ ဟုန်ရင်နှင့်နင်းချန်ရှန်းပေတည်း။

ယဲ့ချိုးပိုင်ကရှေ့တိုးသွားလိုက်ပြီးပြုံးလိုက်မိသည်။

"မင်းတို့ဒီကိုဘာလို့ရောက်လာတာလဲ"

နင်းချန်ရှင်းက ညင်သာစွာပြုံး၍ပြောလေသည်။

"အခြေအနေသိပ်မကောင်းဘူးလို့ကြားလို့ လာကူညီပေးတာ"

ဟုန်ရင်ကလည်းဝင်ပြော၏။

"ကျွန်မက စုံစမ်းစရာလေးတစ်ခုရှိလို့"

ယဲ့ချိုးပိုင် ခေါင်းညိတ်လိုက်သည်။

"မင်းတို့ တကယ်ကိုအကူအညီဖြစ်ပါတယ်။ တိုက်ဆိုင်ချင်တော့ အခုလက်ရှိ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့အင်အားက မလုံလောက်ဘူး"

သူတို့ပြောဆိုနေသောစကားများအရ ထိုလူသုံးယောက်မှာ ဂိုဏ်းတူတပည့်ရောင်းရင်းများဖြစ်ကြောင်း သိလိုက်ရသည်။

ယဲ့ချိုးပိုင်မှာ အစွမ်းထက်လှသည်ဖြစ်ရာ သူ့ဆရာတူညီလေးညီမလေးများကလည်း အားနည်းနိုင်ဖွယ်ရာမရှိ။

သို့သော် လူတိုင်းကိုသိချင်စိတ်ဖြစ်စေသောအရာမှာ သူတို့၏ဆရာသခင်ဖြစ်သည်။

ဝူဒီရှီကလည်း ရှေ့ကိုအပြုံးလေးဖြင့်လျှောက်လာပြီး ​စကားဆိုလိုက်သည်။

"အကူအညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

"ဒါပေမဲ့ အချိန်ကအရမ်းအရေးကြီးနေလို့ တန်ပြန်တိုက်စစ်အကြောင်းဆွေးနွေးကြရအောင်"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now