အပိုင်း 197

99 15 0
                                    

အခန်း ၁၉၇ : အစိမ်းရောင်ရောင်ခြည်တော်ရှေးဟောင်းဗုဒ္ဓတစ်ပါး၏ အဖော်ပြုမှု

ချိတ်ပိတ်အဆောင်နှင့်အစီအရင်များ တစ်ခုပြီးတစ်ခုပျောက်ကွယ်သွားသည်။

ထိုအချိန်၌ ကျန်းချန်ကိုချည်နှောင်ထားသောချိန်းကြိုးများလည်း ပျောက်ကွယ်သွားရသည်။ ကျန်းချန်လည်း မြေပြင်ပေါ်ကိုလဲကျသွားပြီး မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေပေသည်။

သူ(မ)လည်း သူ(မ)၏အသက်မဲ့နေသောမျက်လုံးကိုဖွင့်၍ ပတ်ပတ်လည်ကိုကြည့်လိုက်မိသည်။ ဘာတွေဖြစ်ပျက်နေမှန်း သူ(မ)မသိသေးချေ။

သူ(မ)၏ခန္ဓာကိုယ်ကအားနည်းနေသော်ငြား အတင်းအကျပ်ထည့်သွင်းခံထားရသော ဝိညာဉ်ရေးရာချီစွမ်းအင်များကြောင့် ကျန်းချန်တစ်ယောက် အာကာသနတ်ဘုရားအဆင့်သို့ရောက်လုရောက်ခင်ဖြစ်နေချေသည်။

သူ့ဝိညာဉ်အလဲခံရပြီးနောက်မှာ အာကာသနတ်ဘုရားအဆင့်ကိုရောက်ဖို့ လက်တစ်ကမ်းသာလိုတော့သည်။

သို့သော် ကျန်းချန်ကတော့ မအံ့သြမိချေ။ လေးလံနေသော သူ(မ)၏ခန္ဓာကိုယ်ကို တရွတ်ဆွဲသွားသည်။

ထိုအခိုက်အတန့်လေးမှာ သူ(မ)၏ခန္ဓာကိုယ်ကပင်ပန်းနွမ်းချိနေပြီး နှလုံးခုန်သံတို့ကလည်း လေးပင်နေပေသည်။

မည်းမှောင်နေသောအခန်းထဲမှ သူ(မ)ထွက်လာခဲ့လိုက်ရာ နေမဝင်အင်ပါယာ၏မြို့တော်ထဲရှိအိမ်တော်တစ်ခုသို့ရောက်နေကြောင်း သိလိုက်ရသည်။

သေချာပေါက်ပင် ထိုအိမ်တော်ကား ပြိုလဲနေချေပြီ။ မြေပြင်ပေါ်တွင်လည်း အက်ကွဲကြောင်းများရှိနေသည်။

သူ(မ)အဖို့ နေရောင်ခြည်မမြင်ရတာ ကြာလှပြီဖြစ်သောကြောင့် နေရောင်ခြည်က သူ(မ)ခန္ဓာကိုယ်ပေါ်ဖြာကျလာသောအခါ မျက်လုံးမှေးကျဉ်းလိုက်မိပြီး  လက်ဖြင့်ကာထားလိုက်ရသည်။ နေရောင်ခြည်ကိုအသားကျလာပြီဆိုမှ ပတ်ပတ်လည်ကိုကြည့်လိုက်ရသည်။

သူ့ပတ်ပတ်လည်ရှိအရာအားလုံး ပြိုကျပျက်စီးနေလေပြီ။ အက်ကွဲကြောင်းများကလည်း ကလေးတစ်ယောက်၏လက်မောင်းအရွယ်လောက်ရှိပြီး နေရာအနှံ့မှာဖြစ်ပေါ်နေခြင်းပင်။ မြေပြင်မှာ မညီမညာဖြစ်နေ၏။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now