အခန်း ၁၉၅ : ဘုရင်ကြီးနတ်ရွာစံသွားခြင်း
ဗုဒ္ဓဂိုဏ်းတော်၏ အာကာသနတ်ဘုရားအဆင့်ပညာရှင်နှစ်ဦးကား သေဆုံးသွားလေပြီ။ နေမဝင်အင်ပါယာရှိဟွမ်းယီထုံနှင့်ဟွမ်းထျန်းမင်တို့ကလည်း ချန်းယွမ်အဆင့်မျှသာရှိသေးသည်ဖြစ်ရာ လုချန်ရှန်းကိုမခြိမ်းခြောက်နိုင်ပေ။
လက်ရှိအချိန်မှာ အထက်ဘုံမှဆင်းသက်လာသောပုံရိပ်ယောင်တစ်ခုတည်းကသာ အနည်းငယ်ခွန်အားသန်မာခြင်းဖြစ်၏။ ထိုလူက သူ့ထက်ပိုအားကောင်းလိမ့်မည်ဟု လုချန်ရှန်းမထင်ပေ။
အကယ်၍ ထိုလူသာ သူ့ထက်အားကောင်းနေပါလျှင် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားကို သူတိုက်ခိုက်လိုက်စဉ်က ထိုလူ သူ့အားတားဆီးလာလိမ့်မည်သာဖြစ်၏။
သို့သော် တစ်ဖက်လူမှာ တုံ့ပြန်ဖို့ပင်အခွင့်အရေးမရလိုက်ပေ။
တစ်နည်းဆိုရသော် ထိုလူမှာ လုချန်ရှန်းထက် ပိုအားနည်းနေသည်။ ခေါက်ယပ်တောင်ကိုင်ထားသောလူကို ရုတ်တရက်တိုက်ခိုက်လိုက်ခြင်းမှာ သူ့ဒေါသများကို ဖွင့်ထုတ်လိုက်ရုံသာမကဘဲ ထိုပုံရိပ်ယောင်၏ခွန်အားကိုစမ်းသပ်ချင်သောကြောင့်ပင်။
လုချန်ရှန်း၏မာနထောင်လွှားလေဟန်စကားများကိုကြားသောအခါ ထိုလူ မျက်နှာပျက်သွားလေသည်။ သို့သော် ငြင်းလည်းမငြင်းလာချေ။
မည်သို့ပင်ဖြစ်စေ သူပြောသွားသည့်စကားက အမှန်တရားများပင်။
ထိုလူက မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့်ပြောလာလေသည်။
"ငါဘယ်ကလာခဲ့တယ်ဆိုတာကို မင်းသိမှာပါ"
"မင်းကသိပ်သန်မာတယ်ဆိုပေမဲ့ တစ်ယောက်တည်းအားပဲရှိတာ။ အထက်ဘုံကလူတွေဆင်းသက်လာတဲ့အချိန်ကျရင် မင်း ခံနိုင်ရည်ရှိမှာလား"
လုချန်ရှန်း အပြုံးလေးဖြင့်ပြောလိုက်လေသည်။
"ကြုံလာသမျှကိုကြံ့ကြံ့ခံရင်ဆိုင်ရမယ်ဆိုတဲ့စကားလည်းရှိတာပဲ"
"ပြီးတော့ ခင်ဗျားလည်း အခုဒီနေရာမှာရှိမနေဘူးမလား"
ထိုအချိန်အတိုင်းအတာလေးအတွင်းမှာ ကြိုတင်ပြင်ဆင်မှုများလုပ်ဖို့လုံလောက်သည်။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
ActionAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-10•1•2025(friday)