အပိုင်း 184

581 41 0
                                    

အပိုင်း ၁၈၄ : လောကဘုံ၏နှလုံးသားဗဟိုချက်

ထိုအချိန်တွင် ပုံရိပ်ယောင်တစ်ခုက မြောက်ပိုင်းအစွန်အဖျားသို့ ရောက်ချလာသည်။

ဤနေရာတွင် အပူချိန်နိမ့်လွန်းပြီး အလွန်အမင်းအေးစက်လှသည်။ အာကာသနတ်ဘုရားအဆင့်ပညာရှင်များပင် ဤနေရာတွင် အကြာကြီးလှုပ်ရှားသွားလာရန်ခက်ခဲလှသည်။

သို့သော် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသောပုံရိပ်ယောင်ကတော့ သာမန်မြေပြန့်ပေါ်တွင်လမ်းလျှောက်နေသလို သွားလာနေသည်။

ဤနေရာရှိအပူချိန်မှာ မြောက်ပိုင်းအစွန်ပိုင်းရှိရေခဲပြင်ထက် ပိုနိမ့်သော်လည်း ဝိညာဉ်ရေးရာချီစွမ်းအင်ကတော့ အင်မတန်ပေါများလှသည်။ ဤနေရာရှိဝိညာဉ်ရေးရာချီစွမ်းအင်မှာ ရုပ်လုံးပင်ပေါ်နေပြီး အလွန်စေးပျစ်၏။

၎င်းမှာ သာမန်မျက်စိဖြင့်ပင်အတိုင်းသားမြင်နေရသော ဝိညာဉ်ရေးရာချီစွမ်းအင်အပျစ်အခဲကြီးအဖြစ် ပုံပေါ်နေပေသည်။ ထို့ပြင် ဤနေရာက မြောက်ပိုင်းနယ်မြေ၏အနက်ရှိုင်းဆုံးနေရာဖြစ်၏။ မည်သူမှ ဤနေရာကိုလာကြမည်မဟုတ်။

အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော အမျိုးသားကတော့ အရှိန်အဝါတစ်ခု၏ဆွဲဆောင်ညှို့ငင်မှုကြောင့် ရောက်ချလာပေသည်။ ထိုအရှိန်အဝါက သူ့ကိုဆွဲခေါ်နေဟန်တူပြီး ဤနေရာကိုခေါ်ဆောင်လာချေသည်။ ထိုလူမှာ လုချန်ရှန်းပင်တည်း။

"သောက်ကျိုးနည်း...ငါ့ကိုဒီနေရာရောက်လာအောင် ဘယ်ဟာကများဆွဲခေါ်လိုက်တာလဲ"

လုချန်ရှန်းတစ်ယောက် ရှေ့ကိုဆက်လျှောက်သွားရင် ဆဲရေးနေပေသည်။

အစကမူ ထိုအရှိန်အဝါ၏ဆွဲဆောင်မှုကိုခံလိုက်ရပြီး ဤနေရာသို့လိုက်လာရန်ငြင်းဆန်ခဲ့သေးသည်။ လုချန်ရှန်းအနေနှင့် လောကီကိစ္စများတွင် အများကြီးဝင်မပါလိုပေ။ ယဲ့ချိုးပိုင်၏ကိစ္စနှင့်တင် သူ့အဖို့လုံလောက်နေပြီဖြစ်၏။

သို့သော် စနစ်က ဤနေရာတွင် သူ့အတွက်အလွန်အသုံးဝင်သောအရာတစ်ခုရှိသည်ဟု ဆိုလာ၏။

ကောင်းပြီလေ...

စနစ်က ဒီလိုပြောနေမှတော့ လုချန်ရှန်းကဘာလုပ်နိုင်မှာတဲ့လဲ...

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now