အခန်း ၁၁၂ : ကောင်းကင်အဆင့်ဆေးဝါး
ကောင်းကင်အဆင့်ဆေးဝါးအားလုံးက အတိဒုက္ခဆေးဝါး၏စစ်ကြောမှုကို တွေ့ကြုံခံစားကြည့်ရန် လိုအပ်ပေသည်။
ဤသည်မှာ လူတကာသိသောအချက်ပင်။
ပင်မဂိုဏ်းများနှင့် တော်ဝင်မိသားစုများထံသို့ အသံပို့လွှတ်မှုများပြုလုပ်ကြလေတော့သည်။
အဂ္ဂိရတ်ညီလာခံအတောအတွင်း၌ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဟာ အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်အချိန်အတွင်း ကောင်းကင်အဆင့်ဆေးဝါးကို မွမ်းမံနိုင်ခဲ့သတဲ့။
"ဟမ် တကယ်လား"
"မြန်မြန်လေး.. သဘာဝရတနာတွေကိုယူခဲ့လိုက် အဂ္ဂိရတ်ဂိုဏ်းကိုသွားပြီး အဲ့ဒီလူကို စည်းရုံးသိမ်းသွင်းကြမယ်"
"မဖြစ်ဖြစ်တဲ့နည်းနဲ့"
လျှို့ဝှက်တာအိုပင်မကျောင်းတော်၌...
ခေါင်းဆောင်ယန်လည်း ထိုသတင်းကိုကြားပေသည်။
သူဟာ ခဏမျှမှင်တက်သွားပြီးမှ သက်ပြင်းချလိုက်ချေ၏။
"မဟာတိုက်ပွဲကြီးကတော့ စတော့မှာပဲ။ တချို့ပါရမီရှင်တွေက မိုးရွာပြီးတဲ့နောက်ပေါ်လာတဲ့မျှစ်စို့တွေလို ကိုယ်ထင်ပြလာပြီပေါ့"
"ဒါဆို ကျွန်တော်တို့ သူ့ကို အဖွဲ့ထဲဆွဲသွင်းကြမလား"
ခေါင်းဆောင်ယန်က ခေါင်းကိုခါယမ်း၍ပြောလိုက်သည်။
"ငါတို့တွေ သူနဲ့ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားနိုင်ရင်ရပြီ။ ဒီအဆင့်ရှိတဲ့အဂ္ဂိရတ်ပညာရှင်တွေက တခြားအင်အားစုတွေနဲ့ မပူးပေါင်းချင်တာ သဘာဝပဲ"
"အဲ့ဒါအပြင် ငါတို့လျှို့ဝှက်တာအိုကျောင်းတော်က ဂိုဏ်းတွေကြားကပြိုင်ပွဲတွေမှာ ဝင်မပါဘူး"
"အဲ့ဒါကြောင့် သူတို့ကိုအသာလွှတ်ထားလိုက်တာပေါ့..."
"နားလည်ပါပြီ"
လျှို့ဝှက်ဓားသွားဂိုဏ်းတွင်..
လျန်ဖန်းက ဂိုဏ်းခေါင်းဆောင်၏ခန်းမဆီသို့ အလောတကြီးသွားလေသည်။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
Hành độngAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-10•1•2025(friday)