အခန်း ၁၈၀ : မှတ်ဉာဏ်အပိုင်းအစ
မြောက်ပိုင်းဒေသ၏မြောက်ပိုင်းအစွန်ဆုံးဒေသမှာ ရေခဲလွင်ပြင်ကြီးဖြစ်၏။ ဤနေရာတွင် ဝိညာဉ်ရေးရာချီစွမ်အင်များက အလွန်ပါးလွှာပြီး လေထုထဲတွင် အေးစက်စက်မြူခိုးများ ရစ်သိုင်းနေချေသည်။
အပူချိန်ကလည်း အလွန်နည်းလှသည်။ သိုင်းပညာကျင့်ကြံသူများပင် ဤနေရာတွင် အကြာကြီးမနေနိုင်ပေ။
မရေမတွက်နိုင်သော ရေခဲဓာတ်မှော်ဝင်သားရဲများက ဤနေရာတွင် သောင်းကျန်းကြသည်။ ဤနေရာမှာ သက်ရှိများအတွက် တားမြစ်နယ်မြေဟုဆိုနိုင်သည်။
မြောက်ပိုင်းရေခဲလွင်ပြင်၏ဟိုးအနက်ဆုံးထဲတွင် လေအေများတိုက်ခတ်နေသည့်နေရာတစ်ခုရှိသည်။ ထိုနေရာရှိအပူချိန်က အပြင်ဘက်ရှိရေခဲလွင်ပြင်ထက် ပိုနိမ့်သည်။
ချန်းယွမ်အဆင့်ပညာရှင်တစ်ယောက်ပင်လျှင် ဤနေရာ၌ အကြာကြီးမနေနိုင်ချေ။
အပူချိန်လျော့ကျခြင်းကြောင့်ပင် ချန်းယွမ်အဆင့်ရှိသူများအနေနှင့် အသက်ရှင်သန်နိုင်ရန်မဖြစ်နိုင်ပေ။
ထိုနေရာမှာမည်မျှကြမ်းတမ်းကြောင်း သိနိုင်လေသည်။ သို့သော် အဝတ်ဗလာကျင်းနေသောအမျိုးသားတစ်ယောက်ကတော့ လေအေးဒဏ်ကိုခံစားရင်း ထိုနေရာမှာမတ်မတ်ရပ်နေလေသည်။
လေအေးများက ထက်ရှရှဓားသွားအလား အရိုးခိုက်အောင်စူးရှအေးစက်လှသည်။ ထိုအအေးဓာတ်များက အဝတ်ဗလာနှင့်အမျိုးသား၏ခန္ဓာကိုယ်ကို တိုက်စားနေလေသည်။
သူ့ခန္ဓာကိုယ်မျက်နှာပြင်ထက်မှာလည်း ရေခဲအလွှာပါးတစ်ချပ်ဖုံးအုပ်နေလေပြီ။ ရေခဲစခပ်ပါးပါးပေါ်ပေါက်လာသည်နှင့် ဓားသွားနှယ်ထက်ရှလာသောလေအေးက အပိုင်းပိုင်းအစစဖြစ်အောင်ဖယ်ရှားပစ်လိုက်သည်။
ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်ရုံမျှသာဆိုပါက တော်သေးသည်။ လေအေးများမှာ အရိုးခိုက်မတတ်အေးလှပေသည်။ အရိုးတခိုက်ခိုက်အေးစက်နေခြင်းပင်။
သူ့ခန္ဓာကိုယ်ရှိသွေးစီးဆင်းမှုပင် နှေးကွေးသွားရသည်။
ဤနေရာမှာတစ်ယောက်ယောက်သာရှိနေပါက မြင်နိုင်ပေလိမ့်မည်။ အဝတ်ဗလာဖြစ်နေသောအမျိုးသား၏ခန္ဓာကိုယ်ပေါ်တွင် ရေခဲပြာရောင်ပုံစံများက အပြည့်ဖုံးလွှမ်းထားသည်။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
AçãoAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-