အပိုင်း 182

477 34 0
                                    

အခန်း ၁၈၂ : အဆုံးမရှိသောရက်စက်မှုများ

နေမဝင်အင်ပါယာ၏လုပ်ရပ်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲရှိလူတိုင်းကို အမျက်ဒေါသထွက်စေခဲ့သည်။ ထိုကဲ့သို့သောအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို အထိတ်တလန့်ဖြစ်စေခဲ့သည်။

စစ်ပွဲကြီးပြီးဆုံးသွားလျှင်ပင် မြောက်ပိုင်းနယ်မြေရှိလူများလွတ်မြောက်သွားသည့်တိုင် မြောက်ပိုင်းနယ်မြေ၏အမြုတေစွမ်းအင်ကတော့ အပြင်းအထန်ထိခိုက်သွားရပြီဖြစ်၏။

ထိုသို့ဆိုပါက စစ်ပွဲကြီးအနိုင်ရတော့ရော ဘာထူးမှာတဲ့လဲ။

ဝူဒီရှီကမျက်မှောင်ကြုတ်၍ပြောလာလေသည်။

"နေမဝင်အင်ပါယာက ဒါကိုရောထည့်မတွက်ထားဘူးလား"

"လူဦးရေကျိုးတိုးကျဲတဲဖြစ်သွားတဲ့နေရာတစ်ခုကို သူတို့သိမ်းပိုက်လိုက်နိုင်တော့ရော ဘာရမှာလဲ"

"ပြီးတော့ ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးပြီးသွားရင် ဘယ်သူကမှ သူ့ကိုခစားချင်ကြမှာမဟုတ်တော့ဘူး"

ထိုစကားကိုကြားသော် အားလုံး ခေါင်းတခါခါလုပ်လိုက်မိကြသည်။ သူတို့အနေနှင့် နေမဝင်အင်ပါယာ၏လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေကြသည်မှာ သိသာလှသည်။

ဟုန်ရင်ကလည်း မသိမသာမျက်မှောင်ကြုတ်ထားသည်။ သူ(မ)စိတ်ထဲ တစ်ခုခုမှားယွင်းနေသလိုခံစားရသည်။

နင်းချန်ရှင်းလည်း မျက်နှာမသာမယာဖြစ်နေပြီး သူ့မျက်ဝန်းထဲမှာ ဒေါသရိပ်တို့ပြည့်နှက်နေချေသည်။

ဟုန်ရင်နှင့်ယဲ့ချိုးပိုင်တို့ပင် နင်းချန်ရှင်း ယခုလိုဖြစ်နေသည့်ပုံစံကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ ပုံမှန်အချိန်ဆိုလျှင် နင်းချန်ရှင်းက အပြုံးဖျော့ဖျော့လေးပြုံး၍ ညင်သာနူးညံ့စွာနေထိုင်တတ်သူဖြစ်၏။

သူသည် ဒေါသမထွက်တတ်သည့် စာသင်သားလူငယ်လေးတစ်ယောက်နှင့်တူလှပေသည်။ ကိစ္စကြီးငယ်ဟူသမျှတွင် သူဟာ အလျဉ်းတည်ငြိမ်နေသည်သာ။

သို့သော် ယခုအချိန်မှာတော့ နင်းချန်ရှင်းဒေါသတကြီးဖြစ်နေသည်ကို သူတို့ခံစားနေရပြီး ကွန်ဖြူးရှပ်တာအိုအရှိန်အဝါများပင် သူ့ပတ်ပတ်လည်မှာ လှည့်လည်စီးဆင်းနေချေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now