အပိုင်း 176

733 58 1
                                    

အခန်း ၁၇၆ : စစ်ပွဲထဲကိုဝင်နွှဲလာသောစံအိမ်တော်

ကျောက်တုံးများဟာ ကမ္ဘာအနှံ့လူးလာဖြတ်သန်းနေသော ဖရိုဖရဲမုန်တိုင်းတစ်ခုအလား မြေရိုင်းလွင်ပြင်ပေါ်၌ ပျံဝဲနေလေတော့သည်။ မြေလွှာကျွံချိုင့်ဝှမ်းပေါ်ရှိ တိမ်စိုင်တိမ်လိပ်များမှာ လိပ်တက်လာသည်။

နှစ်ဖက်စလုံးရှိ ချန်းယွမ်အဆင့်ပညာရှင်များကလည်း ဝိညာဉ်ရေးရာချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ကြပြီး ထိုချီစွမ်းအင်များက  မြေလွှာကျွံချိုင့်ဝှမ်းအထက်ရှိ ဝိညာဉ်ရေးရာချီစွမ်းအင်တံတားများကို အထက်သို့တွန်းပို့နေကြလေသည်။ ထိုတံတားများတွင် ပြင်းထန်ကြမ်းတမ်းလှသော ဝိညာဉ်ရေးရာချီစွမ်းအင်များနှင့် အသည်းခိုက်လုမတတ်သောတစ္ဆေအော်သံများဖြင့်ပြည့်နှက်နေချေသည။

စစ်တပ်ကြီးနှစ်ခုလည်း တိုက်ခိုက်ကြကုန်၏။

နင်းချန်ရှင်းကတော့ စစ်တပ်ကြီး၏အထက်နားဆီတွင် တာအိုသိုင်းကျမ်းကိုကိုင်၍ ရပ်နေသည်။ အစိမ်းရောင်ဝတ်ရုံကား လေမတိုက်ပါဘဲ တဖျပ်ဖျပ်လွင့်နေချေသည်။ သူ့ကျောပေါ်တွင် သာမန်ဆန်လှပြီး ဖာထေးပြုပြင်ထားသေးသောစာအုပ်ခြင်းတစ်ခုလည်း ရှိနေသေးသည်။

သူ့ပုံစံမှာ ကြိုးကြိုးစားစားစာလေ့လာပြီး စာပေပညာရှင်တစ်ဦးအဖြစ် ဂုဏ်ပြုခံချင်နေသောသာမန်စာသင်သားလေးတစ်ယောက်နှင့်တူလှပေသည်။

ကျင့်ကြံမှုမပြုနိုင်ကြသော သေမျိုးအကြားတွင် အရည်အချင်းဖြင့် ကံကြမ္မာကိုပြောင်းလဲပစ်နိုင်သူများမှာ သမုဒ္ဒရာထဲကရေစက်တစ်စက်နှယ် ရှားပါးလှသည်။

သို့သော် ဤလူငယ်လေးမှာ တာအိုသိုင်းကျမ်းကိုကိုင်စွဲ၍ ခွန်အားကိုမှီခိုနေရသော သာမန်စာပေပညာရှင်လူငယ်လေးတစ်ယောက်သာဖြစ်သည်။ သူက ကောင်းကင်ဘုံစစ်သည်ကိုဆင့်ခေါ်၍ ချန်းယွမ်အဆင့်ပညာရှင်နှစ်ယောက်ကို သုတ်သင်လိုက်လေသည်။

ထိုအဖြစ်က နေမဝင်အင်ပါယာ၏ဘယ်တောင်ပံအပိုင်းကို ခွန်အားအရာ၌ ကြီးမားလှစွာသောထိခိုက်နစ်နာမှုမျိုးဖြစ်သွားစေခဲ့သည်။ ဤသည်မှာ ထင်မှတ်မထားခဲ့သောအဖြစ်ပင်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now