အခန်း ၃၇ : ပြိုင်ဘက်ကင်းသော ဓားသိုင်းတာအို
ဧည့်ခံပွဲကျင်းပရာနေရာ၏ဘေးတွင် လူအနည်းငယ်ထိုင်နေကြသည့် ခြံဝင်းတစ်ခုရှိသည်။
"အဲဒီကလေးက အိမ်ရှေ့မင်းသားရှင်းပစ်ချင်နေတဲ့လူလား"
"မှားနိုင်စရာမရှိပါဘူး"
"ကောင်းပြီ။ သူ့အင်အားကိုစမ်းသပ်ဖို့ နောက်မှ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ သူ့ကို ပွဲချင်းပြီးသတ်ပစ်နိုင်ပြီး မြောက်ပိုင်းဒေသရဲ့လျှို့ဝှက်တာအိုကျောင်းတော်ကလူတွေနဲ့ ရန်သူဖြစ်လာရင်တော့ အကောင်းဆုံးပေါ့"
"ကောင်းပြီ။ ကျုပ် စီစဉ်လိုက်မယ်"
"စိတ်မပူပါနဲ့။ အိမ်ရှေ့စံမင်းသားက ခင်ဗျားကိုလျစ်လျူရှုထားမှာမဟုတ်ပါဘူး"
ထိုလူခမျာ အပျော်လွန်သွားရှာ၏။ ထို့နောက် သူသည် ရိုသေစွာဦးညွှတ်လိုက်ပြီး ကိစ္စများကိုစီမံရန်ထွက်သွားလေတော့သည်။
...
ဧည့်ခံပွဲတွင်မူ ဟော်ချင်းမင်၊ လင်းစီနှင့် ရှင်းဟုန်ယီတို့သည် ရှေ့နားတွင်ထိုင်နေကြပြီဖြစ်၏။
ကျုံးဝူနှင့် ကျန်းယွမ်ကတော့ ဝင်ပါခြင်းမရှိချေ။
ထိုအခြင်းအရာကို ယဲ့ချိုးပိုင်မြင်လိုက်ရသောအခါ ညစာစားဖို့ အချိန်ရောက်ပြီဟု တွေးလိုက်မိသည်။
ခါတိုင်းဆိုလျှင် စံအိမ်တော်မှာရှိစဉ်အခါက သူသည် အစားအသောက်များကို ပြင်ဆင်ချက်ပြုတ်ပြီး သူ့သခင်နှင့်ဂျူနီယာညီမလေးနှင့်အတူ စားသောက်လေ့ရှိသည်။
သူသည် ညစာစားနေကျဖြစ်နေသောကြောင့် မစားနိုင်စရာလည်းမရှိပေ။
သို့ဖြစ်ရာ ယဲ့ချိုးပိုင်သည် ရှေ့ကိုတိုုးသွားကာ အနောက်နားရှိခုံမှာ ဝင်ထိုင်လိုက်လေသည်။
သူ စားခါနီးတွင် လူတစ်ယောက်က သူ့အနားကိုလျှောက်လာသည်။
"ဟေ့.. မင်းက တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ကမလား"
ယဲ့ချိုးပိုင်က လှည့်ပင်မကြည့်ချေ။
ဟွမ်းယွမ်နှင့်ကျုံးဝူတို့လည်း ထိုလူကြမ်းကြီး ယဲ့ချိုးပိုင်အနားကပ်သွားသည်ကိုတွေ့တော့ လှမ်းကြည့်လိုက်ကြသည်။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
ActionAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-10•1•2025(friday)