အခန်း ၁၃၆ : နယ်မြေရိုင်း
ထိုအချိန်တွင် တိုက်နယ်ကြီးပေါ်၌ အထင်ကရကိစ္စရပ်ကြီးနှစ်ရပ် ဖြစ်ပွားခဲ့လေသည်။ ထိုဖြစ်ရပ်မှာ ဂိုဏ်းဂဏကြီးများစွာကို အံဩထိတ်လန့်သွားစေခဲ့သည်။ ပထမဆုံးကိစ္စမှာ တောင်ပိုင်းဒေသရှိ သဲကန္တာရထဲတွင် ဆန်းကြယ်သောစိတ်တန်ခိုးရှင်ဘုံကို ဂိုဏ်းဂဏကြီးများစွားမှပညာရှင်များက ဖွင့်လှစ်လိုက်နိုင်သည့်အကြောင်းပင်။ ထိုစိတ်တန်ခိုးရှင်ဘုံထဲသို့ ဝင်ရောက်ခြင်းမှာ အကန့်အသတ်တစ်ခုရှိလေသည်။
အနည်းဆုံးရေအလျဉ်ပြည့်လျှံရေးအဆင့်မှာရှိနေသော အသက်သုံးဆယ်အောက်ရှိသူများသာ ဝင်ရောက်နိုင်သည်။ အသက်၃၀ပြည့်ထားပြီး ရေအလျဉ်ပြည့်လျှံရေးအဆင့်၌ရှိနေသူများမှာ ပါရမီရှင်များနှင့် ဉာဏ်ကြီးရှင်များသာဖြစ်ကြသည်။ ယခုမူ ဂိုဏ်းဂဏအသီးသီးက တောင်ပိုင်းဒေသကန္တာရဆီသို့ ပါရမီရှင်များစေလွှတ်လာလေသည်။
ဒုတိယကိစ္စမှာ ဂိုဏ်းဂဏပေါင်းများစွာမှ လျှို့ဝှက်အင်အားကြီးပုဂ္ဂိုလ်တစ်ဦးနှင့် ပါရမီရှင်များမွေးထုတ်ပေးနိုင်လိုက်သည့်အကြောင်းပင်။ သူတို့ထဲတွင် အရင်းနှီးဆုံးလူသုံးယောက်ရှိပေသည်။
ပထမတစ်ယောက်က အလယ်ပိုင်းဒေသရှိ လျှို့ဝှက်မိသားစုသုံးခုထဲမှတစ်ခုဖြစ်သော မုရုန်မိသားစုမှ မုရုန်ဇီဖြစ်၏။ မုရုန်ဇီက ချန်းယွမ်အလယ်အလတ်အဆင့်သို့ရောက်ရှိပြီးဖြစ်ကြောင်း သိရလေသည်။ သူ၏အစီအရင်တည်ဆောက်မှုစွမ်းရည်မှာ ပို၍ပင်ထိတ်လန့်ဖွယ်ကောင်းလှသည်။ သူ့ကိုမွေးပြီးချင်းချင်းမှာ မုရုန်မိသားစုက ရန်သူအင်အားစုများနှင့်ရင်ဆိုင်ခဲ့ကြစဉ်က သူသည် သူ့အစီအရင်တည်ဆောက်မှုအဆင့်ကို ပြသခဲ့သည်။
သူသည် မီးတောက်အစီအရင်ဖြင့် ချန်းယွမ်အဆင့်ပညာရှင်သုံးယောက်ကို သတ်ဖြတ်ပစ်ခဲ့သည်။
ဒုတိယတစ်ယောက်မှာ အလယ်ပိုင်းဒေသရှိ လျှို့ဝှက်မိသားစုများထဲမှတစ်ခုဖြစ်ပြီး သူဟာ မိသားစုကိုစွန့်ပစ်ပြီး ငရဲဘုံကိုလည်းစွန့်ခွာခဲ့ပေသည်။ သူ့အဆင့်က ရေအလျဉ်ပြည့်လျှံရေးအထွတ်အထိပ်အဆင့်ဆိုသော်ငြား ကျင့်စဉ်နှင့်နောက်ခံမျိုးရိုးကတော့ အလွန်ထူးဆန်းလှသည်။ သူ့မျိုးရိုးမှာ မိစ္ဆာတစ္ဆေများနှင့် နတ်ဘုရားများနှင့်ပါ ဆက်သွယ်နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
حركة (أكشن)Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-10•1•2025(friday)