အပိုင်း 193

1K 65 3
                                    

အခန်း ၁၉၃ : သေလမ်းရှာတဲ့ဗီလိန်

ရည်ရွယ်ချက်တဲ့လား။

"ရည်ရွယ်ချက်"ဆိုတာ ဘာကိုပြောတာလဲ။ ဘာတွေလာပြောနေတာလဲ...

လုချန်ရှန်း နဝေတိမ်တောင်ဖြစ်သွားရလေရဲ့။

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားခမျာ ဖိအားကိုအံတုရင်း လုပ်ပြုံးပြုံးကာ သက်သောင့်သက်သာဖြစ်နေဟန်ဆောင်ရှာလေသည်။

"စီနီယာက ဒီဘုံလောကကိုကျော်လွန်နိုင်တဲ့အထိ အစွမ်းထက်တယ်ဆိုပေမဲ့ ဒီနေရာမှာဆက်နေနေတုန်းပဲလေ။ ဘာလုပ်ချင်လို့များလဲ"

လုချန်ရှန်း : ....

သူ ဘာလုပ်ချင်ရမှာလဲ။

ပက်လက်လှန်လှဲပြီး အပျင်းထူနေချင်တယ်လေ...

ယဲ့ချိုးပိုင်က အေးတိအေးစက်စကားဆိုလာလေသည်။

"ဆရာဘာလုပ်ချင်တယ်ဆိုတာ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ"

"ခင်ဗျားမှာ အဲ့လိုမေးပိုင်ခွင့်ရှိလို့လား"

ထိုစကားကိုကြားသော် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက တခစ်ခစ်ရယ်၍ပြောလာလေသည်။

"ဒီကိစ္စကိုဖုံးကွယ်ထားစရာတော့မလိုပါဘူး။ ဒီအဆင့်နိမ့်ဘုံကို ငါလာရတဲ့ရည်ရွယ်ချက်က စီနီယာရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာစုံစမ်းဖို့ပဲ"

"တကယ်လို့ ခင်ဗျားရဲ့ရည်ရွယ်ချက်က ကျွန်တော်တိုနဲ့မဆိုင်ဘူးဆိုရင် ကျွန်တော်တို့တွေမဟာမိတ်ဖွဲ့လို့ရပါတယ်"

"ဒါပေမဲ့..."

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက စကားကိုအဆုံးမသတ်လိုက်ပေ။

အဆုံးသတ်စရာမလိုဘဲ အလိုလိုနားလည်နိုင်သည့်စကားများလည်းရှိသည်။ လုချန်ရှန်းကလည်း ငတုံးငအတစ်ယောက်မဟုတ်သည့်အတွက် တစ်ဖက်လူက သူ့ကိုခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း အတပ်သိလိုက်သည်။

သူ့အမူအရာကား ပြောင်းလဲမှုမရှိ။ သို့သော် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပေသည်။

ခြိမ်းခြောက်စကားဆိုတာမျိုးက ဘယ်သူပဲကြားကြား မခံနိုင်လောက်သောအရာပင်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now