အပိုင်း 199

93 13 0
                                    

အခန်း ၁၉၉ : စာရင်းသွင်းအပ်နှံမှုစတင်ခြင်း

လုချန်ရှန်းအကြောင်းသိထားပြီးသားလူများက သူ ဘယ်လိုလူစားမျိုးလဲဆိုသည်ကို ကောင်းကောင်းသိကြသည်။

ဖြစ်နိုင်ခြေအရှိဆုံးကတော့ စာလုံးနှစ်လုံးကိုသာရေရွတ်လာကြလိမ့်မည်။

ငါးဆားနယ်...

ဘာမှလုပ်စရာမရှိပါက အိပ်လိုက်စားလိုက်ပင်။ စားသောက်ပြီးလျှင် ကုလားထိုင်ပေါ်လှဲပြီး နေပူဆာလှုံသည်။ တစ်ခါတစ်ခါဆိုလျှင် အပင်ရေလောင်းပေါင်းသင်နေတတ်သည်။

ထိုကိစ္စများကလွဲလျှင် အခြားဘာမှမလုပ်ပေ။ တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ထိုသို့သာဖြစ်၏။ အံ့အားသင့်စေသောကိစ္စရပ်မျိုး လုချန်ရှန်းမလုပ်ခဲ့ဖူးပေ။

ချင်းထျန်းနျန်၏စကားများကိုကြားသောအခါ ယဲ့ချိုးပိုင်တို့အုပ်စုလည်း ခါးသက်သက်ပြုံးလိုက်မိသည်။ အခြားသူများ၏အမြင်တွင် သူ့ဆရာ၏ပုံရိပ်ကား လုံးဝစွဲထင်နေလေပြီ။

ချင်းထျန်းနျန်မေးလိုက်သည်။

"မင်းတို့ဆရာဘာလုပ်နေတာလဲ"

ယဲ့ချိုးပိုင်က လက်ဖက်ရည်ကြမ်းခွက်ကို ချင်းထျန်းနျန်အားလှမ်းပေးလိုက်ရင်း ဖြေလိုက်သည်။

"အစီအရင်ကိုအဆင့်မြှင့်နေတာထင်တယ်"

အစီအရင်ကိုအဆင့်မြှင့်နေတာလား..

ချင်းထျန်းနျန် မှင်တက်သွားလေသည်။

ဤအစီအရင်မှာ စံအိမ်တော်၏ဘိုးဘေး ချန်ထားရစ်ခဲ့သောအစီအရင်မင်မဟုတ်လေလား။ ချင်းထျန်းနျန်က ငရဲကိုးဘုံအစီအရင်ရှိကြောင်း မသိထားပေ။

လုချန်ရှန်းလုပ်သမျှအရာတိုင်းကို မိုးမခပင်ကြီးကတားဆီးပေးထားသောကြောင့်ပင်။

မိုးမခပင်ကြီးသာ ငရဲကိုးဘုအစီအရင်ကို သည်အတိုင်းလွှတ်ထားပေးလိုက်ပါက လျှို့ဝှက်တာအိုကျောင်းတော်သာမက တောင်ပိုင်းနယ်မြေတစ်ခုလုံး သက်ရောက်ခံရပေလိမ့်မည်။

ယဲ့ချိုးပိုင် ဆက်ပြောလိုက်သည်။

"ခေါင်းဆောင်ချင်း ကိစ္စတစ်ခုခုရှိရင်လည်း နောက်မှပြန်လာခဲ့လိုက်ပါလား။ ဆရာ တွေးတောနေတာရက်နည်းနည်းတောင်ကြာပြီ။ တော်တော်အရေးကြီးလို့ဖြစ်မယ်"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now