အပိုင်း 187

592 47 0
                                    

အခန်း ၁၈၇ : နန်းတော်သို့သွားရောက်ခြင်း

မြောက်ပိုင်းမဟာမိတ်အဖွဲ့၌..

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်၊ လျန်ဖန်းနှင့်ကျန်းချောင်မြန်တို့က စစ်စခန်းဆီသို့ပြန်ရောက်သွားပြီဖြစ်၏။

တစ်ချိန်တည်းမှာပင် သူတို့က အားလုံးကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်၏။ ထိုသတင်းကိုကြားပြီးနောက် မဟာမိတ်အဖွဲ့တစ်ခုလုံး ဒေါသအမျက်ခြောင်းခြောင်းထွက်ကုန်ကြသည်။

ဝူဒီရှီက စားပွဲပေါ်ဘန်းခနဲရိုက်ချလိုက်ပြီး ဒေါသတကြီးပြောလေသည်။

"သိပ်လွန်နေပြီ"

လျှို့ဝှက်ဓားဂိုဏ်း၏လက်ထောက်ခေါင်းဆောင်စွန်းလျှို့ကလည်း လျန်ဖန်းကိုကြည့်၍မေးလိုက်သည်။

"ဧည့်သည်တော်တဲ့လား။ တစ်ဖက်လူရဲ့သဘောတူညီချက်ကဘာတဲ့လဲ"

နင်းချန်ရှင်းကို အသက်အန္တရာယ်မပေးဘဲဖမ်းသွားသည်ဆိုသည်မှာ တစ်ဖက်လူတွင် တောင်းဆိုချက်တစ်ခုရှိနေသည်ဟူသောသဘောပင်။

ထိုစကားကိုကြားသော် လျန်ဖန်း၏မျက်နှာ မည်းခနဲဖြစ်သွားရချေသည်။ သူက ခေါင်းခါယမ်း၍ပြော၏။

"သူမပြောလိုက်ဘူး"

မပြောလိုက်ဘူးတဲ့လား။

အားလုံး မှင်တက်သွားကြလေသည်။

ယွင်ကျင်းကတော့ မျက်နှာပျက်နေလေပြီ။

"တကယ်ပဲသူတို့ဘာလိုချင်နေတာလဲ"

ထို့နောက် သူကတစ်ဖက်ကိုလှည့်ပြီး ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ကိုကြည့်လိုက်သည်။ နင်းချန်ရှင်းကလည်း ထိုပုဂ္ဂိုလ်၏တပည့်ပင်တည်း။ တစ်ဖက်လူက ထိုလူ၏တပည့်ကို အမှန်တကယ်ရန်စရဲသည်တဲ့လား။

အမှန်အတိုင်းပြောရလျှင် ယွင်ကျင်းတစ်ယောက် ဒေါသလည်းထွက်ရသလို တစ်ဖက်လူအတွက်စိတ်မကောင်းလည်းဖြစ်ရသည်။

ယဲ့ချိုးပိုင်က ဟုန်ရင့်ကိုကြည့်၍ အသံခပ်နိမ့်နိမ့်ဖြင့်ပြောလာချေသည်။

"ဆရာတူညီမလေး မင်းဘယ်လိုထင်လဲ"

ဟုန်ရင်က ခေါင်းခါလိုက်၏။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now