အပိုင်း 177

850 54 0
                                    

အခန်း ၁၇၇: နှိမ်နင်းခြင်း

ယဲ့ချိုးပိုင်ဟာ ဓားသွားပိုင်နက်နယ်မြေထဲတွင် ဓားသိုင်းတာအိုများ၏အုပ်စိုးသူအရှင်ပင်။ဓားသိုင်းကျင့်ကြံသူအားလုံး ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုထံမှဖိနှိပ်ခံရမည်ဖြစ်၏။

ထိုအခိုက်အတန့်မှာ ယဲ့ချိုးပိုင်၏ဓားသွားက ဓားသွားဘုရင်အလားပင်။ ဓားဆန္ဒမြစ်ပြင်ရှည်ကြီးက လေထဲသို့တလိပ်လိပ်တက်လာသည်။ ယဲဲ့ချိုးပိုင်ကလည်း ထိုမြစ်ပြင်ကြီးပေါ်ကို ခြေချလိုက်သည်။

ထို့နောက် သူ့လက်ထဲရှိ မှော်နက်မိစ္ဆာဓားဖြင့် တိုက်ခိုက်လေတော့သည်။

သတ္တမမြောက်သိုင်းကွက် မိစ္ဆာဆင်းသက်စေ

သက်ရှိအားလုံးကိုအညံ့ခံသွားစေလိုသည့်အလား မှော်နက်မိစ္ဆာအရှိန်အဝါတစ်ခု ထွက်ပြူလာချေသည်။

လှိုင်းလုံးများကလည်း မှော်နက်မိစ္ဆာဓားဖျားထက်သို့  တစ်ဟုန်ထိုးဆင်းသက်လာသည်။ မှော်နက်ဓားချက်တစ်ချက်ဟာ လေဟာပြင်ကိုဖြတ်သန်း၍ သံချပ်ကာဝတ်အမျိုးသားကိုတိုက်ခိုက်လေတော့သည်။

သံချပ်ကာဝတ်အမျိုးသားကလည်း နောက်ဆုတ်မည့်ဟန်မရှိပေ။  ကျင့်ကြံစဉ်အဆင့်ကွာဟချက်ကြောင့် သူ နောက်ဆုတ်ဖို့မဖြစ်နိုင်ပေ။

ရေအလျဉ်ပြည့်လျှံရေးအဆင့်မျှသာရှိသော လူငယ်ကျင့်ကြံသူလေးဆီက နေုက်ဆုတ်ဖို့ ဖိအားပေးခံလိုက်ရပါက သူဘာဖြစ်သွားမလဲ။

သူသည် သံချပ်ကာဝတ်အမျိုးသား၏လက်ထဲရှိဓားရှည်ကို ထိုးခွင်းပစ်လိုက်သည်။

ဓားသွားချင်းထိခတ်မှုမှတစ်ဆင့် လေပြင်းမုန်တိုင်းတစ်ခုကျရောက်လာသည်။ ထိုလေပြင်းမုန်တိုင်းကြောင့် ဓားဆန္ဒမှတစ်ဆင့် ဧရာမဓားတစ်လက် ပေါက်ဖွားလာသည်။

လေပြင်းမုန်တိုင်းဓားပင်တည်း။

ထိုဓားမှာ လေပြည်ဆန္ဒနှင့်ဓားဆန္ဒတို့ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာခြင်းပင်။ ၎င်း၏အရှိန်နှင့် ထက်ရှမှုက သာမန်ဓားသွားချီစွမ်းအင်များထက် ပိုသန်မာသည်။

ဤလှုပ်ရှားမှုကြောင့် သံချပ်ကာဝတ်အမျိုးသားနားရှိ ကျင့်ကြံစဉ်အဆင့်ချင်းတူကြသောလူပေါင်းမြောက်များစွာခမျာ ဝေဒနာခံစားလိုက်ကြရရှာသည်။ စစ်ပွဲစတင်ပါပြီဆိုကတည်းက သံချပ်ကာဝတ်အမျိုးသားက ခွန်အားလုံးဝထိန်ချန်ထားခြင်းမရှိ။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now