အပိုင်း 173

801 68 0
                                    

အခန်း ၁၇၃ : ကြားဝင်လာခြင်း၊ အထက်ကမ္ဘာမှလူတစ်ယောက်

အနောက်ပိုင်းဗုဒ္ဓဂိုဏ်းတော်မှာ ဤတိုက်နယ်ကြီးပေါ်တွင် အဆန်းကြယ်ဆုံးသောအင်အားစုတစ်ခုဖြစ်သည်။ သူတို့၏တပည့်များမှာလည်း တိုက်နယ်တစ်ခုလုံးအနှံ့တွင်ရှိပြီး သူတို့က အလွန်အမင်းခပ်လျှိုလျှိုနေကြသည်သာ။ ထို့ကြောင့် အလယ်ပိုင်းဒေသရှိ ပင်မအင်အားစုများပင်လျှင် ဗုဒ္ဓဂိုဏ်းတော်ကို အလျင်စလိုရန်မစရဲကြချေ။

ထိုအချိန်တွင် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က သာမန်ဆန်သည်ဟုထင်ရသောယပ်တောင်လေးတစ်ခုကိုကိုင်၍ ရောက်လာသည်။

အဘိုးအိုခြောက်ယောက်ကလည်း သူ့မျက်နှာချင်းဆိုင်တွင်မတ်တတ်ရပ်နေလေသည်။ သို့သော် သူတို့ထံတွင် အံ့အားသင့်နေဟန်တို့ ကြိုဆိုနေသောအရိပ်အယောင်တို့ကိုမတွေ့ရပေ။

ထိုခြောက်ယောက်ကိုတွေ့လိုက်သူတိုင်း ထိတ်လန့်သွားကြပေလိမ့်မည်။ အဘိုးအိုခြောက်ယောက်က ရိုသေသမှုရှိသောအမူအရာများဖြင့် လက်အုပ်ချီလိုက်ကြသည်။

"အောမီတော်ဖော…. ဒီကိုဘာလို့ရောက်လာရလဲဆိုတာသိနိုင်မလား"

အဆင့်မြင့်တမန်တော်..။ သူတို့က ဤလူငယ်လေးကို "အဆင့်မြင့်တမန်တော်"ဟုသမုတ်ကြသည်။

လူငယ်လေးက ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်သည်။

"ဒီတစ်ခေါက် ခင်ဗျားတို့ကိုခိုင်းမဲ့အရာက အရမ်းအရေးကြီးတယ်"

အဘိုးအိုတစ်ယောက်က မှင်တက်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့်စကားဆိုလာလေသည်။

"ပြောရမယ်ဆိုရင် ဒီကိစ္စဆောင်ရွက်ပြီးတာနဲ့ ငါတို့တွေ ဘုန်းကြီးအိုတွေနဲ့ကျန်တဲ့လူတွေကို အထက်ကမ္ဘာကိုစေလွှတ်လို့ရပြီလား"

လူငယ်လေးက ခေါင်းညိတ်ပြလေသည်။

အတည်ပြုချက်ကိုရပြီးနောက်တွင် အဘိုးကြီးခြောက်ယောက်လည်း ဝမ်းသာလုံးဆို့သွားကြသည်။

သူတို့၏ဗုဒ္ဓဂိုဏ်းတော်မှာ ဤအခိုက်အတန့်လေးကိုစောင့်ဆိုင်းနေခဲ့တာ ကြာလှရှိချေပြီ။ နှိမ့်ချလှသောအပြုအမူကြောင့် အရာအားလုံးဖြစ်မြောက်လာလေပြီ။ ထိုသို့နေရခြင်းမှာ နောင်အနာဂတ်တွင် အထက်ကမ္ဘာသို့တက်လှမ်းနိုင်ရန်မျှော်ကိုးမိသောကြောင့်ပင်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now