အပိုင်း 167

695 56 0
                                    

အခန်း ၁၆၇ : စံအိမ်တော်ထံမှအကူအညီရောက်လာခြင်း

ဟူချင်းကား ဆွံ့အနေရှာသည်။

တခြားလူတစ်ယောက်သာဆိုလျှင် မိမိတပည့်က ယခုလိုဂုဏ်ယူဖွယ်ကောင်းသောအောင်မြင်မှုမျိုး ဆွတ်ခူးနိုင်ခဲ့သည်ဟူသောသတင်းမျိုးကြားပါက ပြုံးပန်းဝေနေလိမ့်မည်သာဖြစ်၏။

သို့သော် လုချန်ရှန်းကတော့ဖြင့် "ငါ့ကိုသာပြဿနာလာမပေးရင်ရပြီ"တဲ့လား။

ထင်ထားသည့်အတိုင်းပင် ဤမျှထူးချွန်သောတပည့်တစ်ယောက်ကို သွန်သင်ပြသပေးနိုင်သူတစ်ယောက်၏စိတ်နေစိတ်ထားမှာ စင်စစ်ထူးကဲလှ၏။

ဟူချင်းလည်း ကူကယ်ရာမဲ့စွာပြောလိုက်မိသည်။

"ဒါပေမဲ့ အဲ့လိုဆိုရင်တောင်မှ အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး သိပ်စိတ်ချထားလို့မရဘူး။ နေမဝင်အင်ပါယာရဲ့ခွန်အားအကုန်စုပေါင်းလိုက်ရင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ထက် ပိုသန်မာနေတုန်းပဲ"

တိုက်ခိုက်ရေးခွန်အားများကိုစုပေါင်းလိုက်ပါက နေမဝင်အင်ပါယာ၏ခွန်အားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

သတင်းထဲကအတိုင်းဆိုလျှင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲရှိ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်သော ယွင်ကျင်းပင်လျှင် အပြင်းအထန်ဒဏ်ရာရထားလေသည်။

သူတို့ဘက်က လူအင်အားရောခွန်အားပါ ချို့တဲ့နေသည်။

လုချန်ရှန်း ဘာမှမပြောတော့ပေ။

ထိုအချိန်တွင် နင်းချန်ရှင်းတစ်ယောက် သူ၏တံခါးပိတ်ကျင့်ကြံမှုကို အပြီးသတ်ပြီး အပြင်ကိုထွက်လာခဲ့သည်။ သူတို့ပြောနေသောစကားများကိုကြားသည့်အခါ ခဏမျှတွေးတောနေပြီးနောက် စကားဆိုလာလေ၏။

"ဒါဆို ဆရာတူအစ်ကို့ကို ကျွန်တော်သွားကူညီလိုက်မယ်"

ဟူချင်းက နင်းချန်ရှင်းကိုကြည့်၍ပြုံးလိုက်ပေသည်။

"ဒါဆိုရင်အကောင်းဆုံးပဲပေါ့"

နင်းချန်ရှင်းကလည်း ခွန်အားနည်းလှသူမဟုတ်။ သူ့မှာ ကျင့်ကြံရေးအဆင့်မရှိသည့်တိုင် သူပိုင်ဆိုင်ထားသောကွန်ဖြူးရှပ်တာအိုကတော့ အလွန်အမင်းအဖိုးထိုက်တန်လှသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now