အခန်း ၁၉၀ : ကြောက်ခမန်းလိလိဓားသိုင်းတာအိုစွမ်းရည်
သူ့ဆရာ၏အစီအစဉ်မှာ လွန်ခဲ့သည့်နှစ်တစ်သောင်းလောက်ကတည်းက အကောင်အထည်ဖော်ပြီးမြောက်ခဲ့သင့်သည်။
သို့သော် ထိုအချိန်မှာပင် တိမ်လွှာဖီးနစ်ဧကရီက တိုက်နယ်ကြီးတစ်ခုလုံးရှိစွမ်းအားများကိုစုစည်း၍ စစ်ခင်းလာခဲ့သည်။
ခွန်အားကွာခြားမှုက အလွန်သိသာနေသည့်အပြင် စစ်လည်းရှုံးခဲ့ရသည့်တိုင် သူ(မ)ဟာ ထိုအစီအစဉ်ကိုပျက်စီးစေခဲ့ပြီး နှစ်တစ်သောင်းကြာသည်အထိ နှောင့်နှေးစေခဲ့လေသည်။
ယခုတော့ တိမ်လွှာဖီးနစ်ဧကရီက ပြန်လည်မွေးဖွားလာလေပြီဖြစ်ရာ သူ့လက်အောက်ငယ်သားများကို ပြန်လည်စုစည်းပြီး သူတို့ခွန်အားကိုပြန်ဖြည့်တင်းပြီးသည်နှင့် ကောင်းကင်ဘုံလမ်းမကိုတိုက်ခိုက်လာမည်မှာ ကျိန်းသေပင်။
အထက်ဘုံအနေနှင့် ထိုကဲ့သို့သောကိစ္စများဖြစ်လာဖို့ခွင့်မပြုနိုင်ချေ။
ထို့ကြောင့် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက ဟုန်ရင်၏သရုပ်မှန်ကိုသိလိုက်ရသည့်နောက်တွင် ဖြစ်လာမည့်အကျိုးဆက်များကိုမေ့ထားလိုက်ပြီး ဤနေရာမှာတင် သူ(မ)ကိုသတ်ဖြတ်ချင်ခဲ့သည်။
ဗုဒ္ဓအကြီးအကဲကလည်း သူ့စကားကိုကြားသည်နှင့် တွေဝေတုံ့ဆိုင်းမနေပေ။ မိုးကြိုးသွားလက်နက်ကိုထုတ်၍ ဟုန်ရင့်ဆီသို့ပြေးသွားလိုက်သည်။
ဤမြင်ကွင်းကိုမြင်သောအခါ ဟုန်ရင်၏အမူအရာကလည်း လေးနက်သွားပြီး ယဲ့ချိုးပိုင်ကိုမေးလိုက်သည်။
"ဆရာတူအစ်ကို တစ်ယောက်တည်းလုပ်နိုင်ရဲ့လား"
ယဲ့ချိုးပိုင်ကလည်း ပြုံးပြုံးလေးပြောလာချေသည်။
"ငါကမင်းရဲ့ဆရာတူအစ်ကိုပါ။ ဘယ်လိုလုပ်ငြင်းနိုင်မှာတဲ့လဲ"
"ဒါဆို ဆရာတူအစ်ကို့ကိုပဲအပ်ခဲ့ပြီနော်"
ဤသို့ဖြင့် ဟုန်ရင်က စစ်မြေပြင်မှထွက်ခွါပြီး အဘိုးကြီးကိုကြိုဆိုရန် လက်ဦူမှုရယူလိုက်သည်။
YOU ARE READING
ငါ့တပည့်တွေက ဘုရင်တွေ
ActionAdmin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-