အပိုင်း 171

673 60 0
                                    

အခန်း ၁၇၁ : အောင်မြင်မှုဆွတ်ခူးပြီးနောက် တပ်ပြန်ဆုတ်ခြင်း

ယင်အလောင်းကောင်အဘိုးကြီးမှာ ရှေးခေတ်အခါတုန်းက မကောင်းဆိုးဝါးကျင့်ကြံသူများ၏ခေါင်းဆောင်များထဲကတစ်ယောက်ဖြစ်သည်။

သူဟာ ကောက်ကျစ်ပြီးရက်စက်ယုတ်မာသည်။ သူ့နည်းလမ်းများကလည်း အလွန်ကြမ်းတမ်းရက်စက်လှသည်။ ရှေးခေတ်တုန်းက ဂိုဏ်းဂဏကြီးများစွာကိုလည်း တည်ထောင်နိုင်ခဲ့ပြီး  တိမ်လွှာဖီးနစ်အင်ပါယာကိုလည်း စိုးရိမ်ပူပန်မှုပေးခဲ့သည်။

အဆုံးမှာတော့ ဟုန်ရင်၏အင်ပါယာက ဂိုဏ်းဂဏကြီးများစွာနှင့်တော်ဝင်မိသားစုများဖြင့် အင်အားပူးပေါင်းခဲ့ပြီး ယင်အလောင်းကောင်အဘိုးကြီးကို ချိတ်ပိတ်ထားခဲ့သည်။

သို့မှသာ တိုက်နယ်ကြီးတစ်ခုလုံး ငြိမ်သက်သွားမည်သာ။

နင်းချန်ရှင်းကမူ မျက်ဝန်းထဲတွင် ဒေါသများဖြင့်ပြည့်နှက်နေ၏။ ယခုလိုနည်းလမ်းမျိုးဟာ အလွန်အန္တရာယ်များလှသည်။ တစ်ဖက်လူသာ ပေါ့ဆမိပါက တိုက်နယ်ကြီးတစ်ခုလုံး ကစဉ့်ကလျားဖြစ်သွားပေလိမ့်မည်။

နင်းချန်ရှင်းအနေနှင့် ထိုသို့ဖြစ်ခွင့်မပေးနိုင်ချေ။ ဤသည်မှာ သူ့ခံယူချက်နှင့်ကွဲလွဲနေ၏။

သူ ရှေ့ကို​တိုးသွားလိုက်သည်။ လက်ထဲမှာလည်း တာအိုသိုင်းကျမ်းကိုကိုင်စွဲ၍ နောက်စာမျက်နှာတစ်ခုကိုလှန်လိုက်သည်။

"လွင့်ပြယ်စေ"

ထိုအချိန်မှာ အမတရောင်ခြည်တစ်ခုက ကမ္ဘာမြေပေါ်သို့သက်ဆင်းလာ၏။ ထိုအလင်းရောင်ဟာ အလောင်းကောင်အရှိန်အဝါများပြည့်နှက်နေသော ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားပေါ်သို့ ဖြာကျသွားလေသည်။

သံချပ်ကာဝတ်အမျိုးသားလည်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်လည်နေသောအလောင်းကောင်ချီစွမ်းအင်များမှာ သန့်စင်ခံလိုက်ရဟန်တူ၏။

သို့သော် သူက နှာမှုတ်လျက်စကားဆိုလိုက်သည်။

"ဘာထူးလို့လဲ"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now