အပိုင်း 156

362 34 0
                                    

အခန်း ၁၅၆ : မြောက်ပိုင်းဒေသမှ အကူအညီတောင်းခံလာခြင်း

ရေတံခွန်းထက်ရှိဧရာမကျောက်တုံးကြီးပေါ်၌ ယဲ့ချိုးပိုင်ဟာ သူ့ဓားကိုလွှဲယမ်းနေလိုက်သည်မှာ အစာလည်းမစား၊ နားလည်းမနားချေ။ လက်ရှိအချိန်တွင် သူသည် ဧရာမကျောက်တုံးကြီးပေါ်မှာ မြဲမြဲမြံမြံရပ်နေနိုင်ပြီဖြစ်၏။ ထို့ပြင် ထိုကျောက်တုံးပေါ်၌ ဓားရာသုံးဆယ့်သုံးချက်ထွင်းထားလိုက်နိုင်လေပြီ။

အစကမူ ယဲ့ချိုးပိုင်ဟာ သူ့လက်ရှိဓားသိုင်းတာအိုဖြင့်ဆိုလျှင် သူ့ဆရာတောင်းဆိုထားသောပန်းတိုင်ကို မြန်မြန်ဆန်ဆန်ပြီးမြောက်အောင်မြင်နိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။

ထွင်းရမည့်ဓားရာကား တစ်ရာကျော်ပင်။

ထင်မထားသည့်အချက်မှာ ဤဧရာမကျောက်ဆောင်ကြီးဟာ သာမန်ကျောက်တုံးကြီးတစ်တုံးဟုတ်ပုံမရချေ။  ၎င်းမှာ အလွန်တရာမာကျောလှပေသည်။

ပြင်းထန်လှသောအစီအရင်ဖြင့်ဖွဲ့စည်းထားသည့် ဒရဟောစီးဆင်းနေသောရေတံခွန်ကြီးပင်လျှင် ဤကျောက်တုံးအပေါ် လုံးဝသက်ရောက်မှုမရှိပေ။

ဤလပိုင်းအတွင်း၌ ယဲ့ချိုးပိုင်မှာ ဤရေတံခွန်ပေါ်၌ဟန်ချက်ညီညီရပ်နိုင်ဖို့ ဆယ်ရက်လောက်အချိန်ယူလိုက်ရသည်။ ဓားရာသုံးဆယ့်သုံးချက်ပေးဖို့ပင် ရက်နှစ်ဆယ်ခန့်ကြာလေသည်။

ဤအချိန်အတောအတွင်း၌ မုဝမ်အာက သူ(မ)ဖန်တီးထုတ်လုပ်ထားသောဆေးလုံးများကို ပို့ပေးလာသည်။ ထိုဆေးများမှာ ယဲ့ချိုးပိုင်၏ရုပ်ပိုင်းဆိုင်ရာခွန်အားပြန်လည်ပြည့်ဖြိုးရေးကို အရှိန်မြှင့်ပေးနိုင်သည်။

မုကျီချင်းက ဤနေရာတွင် ရံဖန်ရံခါလာနေတတ်ပြီး ယဲ့ချိုးပိုင်ကျင့်ကြံနေသည်ကို ကြည့်နေပေသည်။

ယဲ့ချိုးပိုင်သည် သူ့ရှေ့ရှိဧရာမကျောက်တုံးကြီးကိုကြည့်လိုက်ပြီး လက်ထဲရှိသစ်သားဓားကို ဝှေ့ယမ်းလိုက်၏။

ဓားဆန္ဒများ လိပ်တက်လာချေသည်။

အဆုံးတွင်မူ နောက်ထပ်ဓားရာတစ်ချက် ထွင်းလိုက်နိုင်ပြီဖြစ်၏။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now