အပိုင်း 192

706 56 0
                                    

အခန်း ၁၉၂ : အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ဦးကို လက်ချောင်းတစ်ချောင်းတည်းသုံး၍ဇီဝိန်ခြွေခြင်း

ပင်မခန်းမထဲတွင် အဖြူရောင်ဝတ်ရုံဝတ်ထားသောအမျိုးသား ရုတ်တရက်ရောက်ချလာသောကြောင့် အားလုံးထိတ်လန့်သွားကြကုန်၏။

ဗုဒ္ဓဂိုဏ်းတော်၏အာကာသနတ်ဘုရားအဆင့်ပညာရှင်နှစ်ယောက်နှင့် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားတို့၏အမူအရာမှာ လေးနက်သွားကြချေသည်။

သူတို့ ဤပုဂ္ဂိုလ်ချဉ်းကပ်လာသည်ကို လုံးဝသတိမထားမိခဲ့ကြပေ။ ထို့ပြင် တစ်ဖက်လူမှာ ပုံရိပ်ယောင်မျှသာ ရောက်ရှိလာခြင်းဖြစ်သည်။

ဟွမ်းထျန်းမင်၏အမူအရာလည်း အနည်းငယ်ပြောင်းလဲသွားလေသည်။ ဤပုဂ္ဂိုလ်ကို ဟွမ်းထျန်းမင်၏မှတ်ဉာဏ်မှတစ်ဆင့် သူမှတ်မိလိုက်သည်။

ယခင်က သူတို့ ယဲ့ချိုပိုင်ကိုဝိုင်းရံထားတုန်းက အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော ဤလူပေါ်လာပြီး သူ့လူအားလုံးကိုသတ်ဖြတ်ပစ်ခဲ့ဖူးသည်။

ယဲ့ချိုးပိုင်နှင့်နင်းချန်ရှင်းတို့လည်း စိတ်အေးလက်​အေးဖြစ်သွားပြီး ပြုံးလိုက်မိကြသည်။ ဟုန်ရင်လည်း စိတ်သက်သာရာရဟန်သက်ပြင်းချလိုက်သည်။ သူ(မ)၏မျက်ခုံးနှစ်ဖက်ကြားရှိအမှတ်အသားလည်း ပျောက်ကွယ်သွားလေပြီ။ စီးဆင်းနေသောအရှိန်အဝါများကလည်း ဟုန်ရင်၏ခန္ဓာကိုယ်ထဲသို့ပြန်ဝင်သွားပြီဖြစ်၏။

ဆရာရောက်လာပြီဆိုမှတော့ သူ(မ)၏ဝှက်ဖဲကိုထုတ်သုံးစရာမလိုတော့ချေ။

အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသောအမျိုးသားက လက်ညှိုးတစ်ချောင်းဆန့်ထုတ်လိုက်သည်။ မမြင်နိုင်သောအင်အားတစ်ရပ်​ကြောင့် တစ်ဖက်လူ၏တိုက်ခိုက်မှုမှန်သမျှ ပျောက်ကွယ်သွားချေသည်။ မုတ်ဆိတ်ရှည်အဘိုးကြီးထုတ်လွှတ်ထားသော ဗုဒ္ဓလက်ဝါးအတွင်းအားများကလည်း ပပျောက်သွားရှာသည်။

မုတ်ဆိတ်ရှည်အဘိုးကြီးခမျာ နောက်ဆက်တွဲရိုက်ခတ်မှုဒဏ်ကို ခံစားလိုက်ရသည်။ သူ့မှာ ညည်းညူနေရင်း ရင်ဘတ်ကိုဆုပ်ကိုင်၍ ချက်ချင်းနောက်ပြန်ဆုတ်လိုက်ရတော့သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now