အပိုင်း 169

928 81 1
                                    

အခန်း ၁၆၉ : ကြားဖြတ်တိုက်ခိုက်ခြင်း

ယဲ့ချိုးပိုင်၏ဓားသွားပိုင်နက်နယ်​မြေမှာ အသက်သွင်းလိုက်ပြီဖြစ်ပြီး ခွန်အားကြီးအရှိန်အဝါမြောက်များစွာကလည်း မူလစခန်းရှိရာမှ ကောင်းကင်ထက်သို့ ဆန်တက်သွားလေသည်။

တစ်ချိန်တည်းမှာပင် မှော်နက်ဓားချက်ကြီးကလည်း မြေလွှာကျွံချိုင့်ဝှမ်း၏တစ်ဖက်သို့ အပြင်းနှင်သွားလေသည်။

ထိုတစ်ခဏအတွင်း အော်ဟစ်သံများညံသွားလေသည်။

မြေလွှာကျွံချိုင့်ဝှမ်း၏ဘယ်ဘက်ခြမ်းတွင် အကွာအဝေးတစ်ခုခြားထားသည်။ နေမဝင်အင်ပါယာဘက်က ထိုအခြင်းအရာကိုမြင်သောအခါ ယဲ့ချိုးပိုင်ဆီသို့ အလျင်အမြန်ချဉ်းကပ်လာကြသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်သို့ဆန်တက်သွားသော အရှိန်အဝါပေါင်းမြောက်များစွာက ယဲ့ချိုးပိုင်ဆီသို့ ပြန်လည်ဆင်းသက်လာကြသည်။ ၎င်းမှာ အလွန်လျင်မြန်လှပေသည်။

ထိုအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင်ကလည်းရပ်မနေပေ။ သူသည် ဓားဆန္ဒမြစ်ပြင်ကြီးကို ထိုအရှိန်အဝါများဆီသို့စီးဆင်းသွားရန် ထိန်းချုပ်လိုက်၏။

သူကတော့ဖြင့် ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းဆီသို့ ထွက်ခွါလေသည်။ သူ ဓားချက်တစ်ချက်လွှဲ၍ နောက်ဆုတ်လိုက်သည်။

ယဲ့ချိုးပိုင်၏အရှိန်မျိုးဖြင့်သာဆိုလျှင် ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိသူပင်လျှင် လိုက်ဖမ်းရန်မလွယ်လှပေ။

တစ်ဖက်တွင်မူ ဟုန်ရင်နှင့်နင်းချန်ရှင်းတို့မှာ ထိုပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူ၍ မြေလွှာကျွံချိုင့်ဝှမ်း၏တစ်ဖက်ခြမ်းကိုရောက်အောင်သွားလိုက်သည်။ ထို့နောက် နေမဝင်အင်ပါယာ၏နောက်တန်းသို့ ဖောက်ဝင်သွားလိုက်၏။

လမ်းတစ်လျှောက်တွင် ဟုန်ရင်နှင့်နင်းချန်ရှင်းတို့ ခပ်မြန်မြန်မလှုပ်ရှားရဲပေ။ ခြုံထည်ဖြင့် သူတို့ခန္ဓာကိုယ်ကိုရစ်ပတ်ထားသောကြောင့်သာ အရှိန်အဝါများစိမ့်မထွက်လာခြင်းဖြစ်၏။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now