Chapter - 97 [ကောက်ညှင်းထုပ်များ ဝေငှခြင်း]
ချူကျင်းဇီက လီချင်းယူဘက်သို့ ကိုင်းလိုက်ပြီး တီးတိုးပြောလေသည်။ "အမေ ဒါပေမယ့် သမီးကဘယ်သူ့ကိုမှ လက်မထပ်ချင်သေးဘူးလေ သူတို့ကိုငြင်းပေးလို့ရမလားဟင်"
"သမီးက သူတို့အကုန်လုံးကို သဘောမကျဘူးလား" လီချင်းယူ အနည်းငယ် အံ့ဩသွားခဲ့သည်။ ဒါပေမယ့် သူမသမီးက ဗဟုသုတနှင့် ပြည့်စုံတာကြောင့် သင့်လျော်တယ်လို့ ခံစားလိုက်ရသည်။ သူမက ဘယ်လိုစာဖတ်ရမလဲ ပုံဆွဲရမလဲ လုပ်ငန်းလုပ်ရမလဲ ဆိုတာကို သိတယ်။ သူမအတွက် ရွာထဲက ကြမ်းတမ်းတဲ့ ယောကျ်ားတွေကို မနှစ်သက်ဘူးဆိုတာ သဘာဝကျပါတယ်။
"သမီးသူတို့အကုန်လုံးကို မကြိုက်ဘူး ပြီးတော့ အမေရယ် အစ်ကိုကြီးတို့ အစ်မကြီးတို့တောင် လက်မထပ်ရသေးဘူးလေ သူတို့မတိုင်ခင် လက်မထပ်ချင်ပါဘူး ဟုတ်တယ်မလား"
"အဆင်ပြေပါတယ် သမီးအရင်စေ့စပ်ထားပြီးမှ လက်ထပ်လို့ရတယ်" တစ်ကယ်တော့ လီချင်းယူသည်လည်း ချူကျင်းဇီကို ထိုလူများဆီ လက်ထပ်မပေးလိုပါ။ သူမက သူတို့ကို အထင်သေးတာကြောင့် မဟုတ်ဘဲ သူတို့က ကျင်းဇီနှင့် မလိုက်ဖက်ဘူးဟု ခံစားရရုံပါ။
ချူကျင်းဇီ ခေါင်းခါလိုက်သည်။
"အမေ သမီးအတွက် သူတို့ကို သွားငြင်းပေးပါ"
လီချင်းယူက သူမသမီးလေးကို ချစ်ခင်စွာကြည့်လိုက်ပြီး "သမီးကသဘောမတူမှတော့ အမေက ဖိအားမပေးပါဘူး" သူမက ချူကျင်းဇီ ဆံပင်လေးကို သပ်ပေးကာ ပြန်ထွက်သွားလိုက်သည်။
ထိုသည်ကိုကြားမှ ထန်ကျင်းဟုန်လည်း တဖြည်းဖြည်း စိတ်သက်သာရာရသွားပြီး နှလုံးသားလေး တည်ငြိမ်သွားတော့သည်။ သူခေါင်းလှည့်လာပြီး ချူကျင်းဇီကို နက်မှောင်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ချူကျင်းဇီ ပြန်လှည့်လာသောအခါ ထန်ကျင်းဟုန်၏အကြည့်နှင့် ဆုံကြိုက်သွားသည်။
သူတို့ရဲ့အနီးပတ်ဝန်းကျင်တွေဟာ ဝေဝါးသွားပြီး မျက်လုံးထဲတွင်လည်း တစ်ယောက်နဲ့ တစ်ယောက်သာ ရှိနေကြပါတော့သည်။ တစ်စုံတစ်ခုကတော့ ပြောင်းလဲနေ၏။ မရှင်းလင်းတဲ့ ရောင်ဝါတစ်ခု ပျံ့နှံ့သွားပြီး နားမလည်နိုင်သော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့လေတယ်။
YOU ARE READING
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasyI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance