🥂Novel - 安知我意 [အန်းကျီးဝေါ်ယိ]
🥂Author - 北南 [ပေနန်]
🥂cp name - 安意 [အန်းယိ]
🥂 မိတ်ဆက်
ရှန်သောယိသည် အလုပ်ပြောင်းလဲပြီးနောက် အထက်လူကြီး အသစ် ချီးရှစ်အန်းနှင့် တွေ့ဆုံခဲ့ရသည်။ လတ်စသတ်တော့ သူတို့နှစ်ဦးဟာ ငယ်ရွယ်စဉ်က ခဏတာမျှ တွယ်ငြိဆက်နွယ်ခဲ့ဖူးပြီး မရေမရာ ဝိုးတဝါးလေး ရင်ခုန်ခဲ့ဖူးကြသူများ ဖြစ်ကြ၏။ အထင်လွဲမှုများကို ဖြေရှင်းပြီးနောက် အသစ်တဖန် ပြန်လည် ချည်းကပ်ကြရာ နှစ်ဦးကြား၏ ချစ်ရိပ်ငွေ့လေးများ တဖန် ရစ်ဖွဲ့မွေးဖွားလာစမြဲသာ။ အဆုံးတွင်တော့ အဆမတန် ချိုမြိန်နူးညံ့သော ပျားရည်အိုင်ထဲ ပစ်ကျသွားသလို အချစ်တွေ ပေါ်ထွန်းလာတော့လေသည်။
🥂🥂🥂
🥂အဓိကဇာတ်ဆောင်
戚时安- ချီးရှစ်အန်း - နပန်း၊ ရေငုပ် အားကစား ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၊ ဘက်စုံတော်သည့် အဆင့်မြင့် စီနီယာ Trader
沈多意 - ရှန်သောယိ - ရုပ်ရည် အင်မတန် ချောမော၊ သဘောမနော အင်မတန် ကောင်း၊ ဉာဏ်ရည်မြင့် double business အရည်အချင်းမြင့်သူ ၊ အဆင့်မြင့် စီနီယာ အာမခံသင်္ချာပါရဂူ (Actuary)
နက်နက်ရှိုင်းရှိုင်းချစ်တတ်သူ Trader သူဌေး Gong x နွေးထွေးနူးညံ့သော အာမခံသင်္ချာပါရဂူ ဌာနမှူး Shou
🍻Gong x Shou နှစ်ဦးစလုံး ရွှယ်ပါ့(စာအရမ်းတော်)
🍻Gong x Shou နှစ်ဦးစလုံး ပိုက်ဆံချမ်းသာ
🍻Gong က ရင့်ကျက်တည်ငြိမ်ကာ ဉာဏ်ပညာရှိပြီး ခြေထောက်အရှည်ကြီး။
🍻Shou က ထက်မြက်လည်ဝယ်ကာ စိတ်ထားကောင်းသလို ရုပ်ရည်ပါ ချောမောလွန်းသူ။
(နှစ်ဖက်လုံးအတွက် အပြန်အလှန် ကြွားပေး)
🍻စကားတစ်ခွန်းတည်းနှင့် မိတ်ဆက် - နောက်ထပ်တစ်ကြိမ် ထပ်တွေ့ရရင်တောင် မျက်နှာလေးက နီရဲနေဦးမှာပဲ။
(ဘယ်- ချီးရှစ်အန်း ၊ ညာ- ရှန်သောယိ)
🍻Tag - တစ်ယောက်ဆို တစ်ယောက် အချစ် ၊ မြို့ပြနေထိုင်မှု အချစ်ဇာတ်လမ်း ၊ လုပ်ငန်းခွင်။
🍻အရံ - ကျန်းယိမင် နှင့် အခြား။
🍻Audio Drama အစအဆုံး ထွက်ပြီးသားဖြစ်ပါတယ်။
🍻စာတစ်ပုဒ်လုံးအတွက် အနှစ်ချုပ် -
"မင်းကို မတွေ့ဖူးသေးခင်အထိတော့ တိတ်တခိုး ဆွဲဆောင်ရတာဟာ ဖျတ်ကနဲ မက်တဲ့ အိပ်မက်လေးထက်တောင် လှပနေဦးမယ်ဆိုတာ ကိုယ် ဘယ်သိပါ့မလဲ။ "
🥂🥂🥂🥂🥂🥂🥂
နဂိုက အစအဆုံး ပြန်ပြီးမှ တင်မလို့ စိတ်ကူးထားပေမဲ့ V-Day အမှတ်တရလေး တင်ပေးစရာ ဘာရှိလဲ တွေးရင်း ပူပူနွေးနွေး ဖတ်ပြီးကာစ ဒါလေးကို သတိရသွားလို့ အရင်တင်ပေးလိုက်ပါပြီ။ ပေနန်လောင်ရှစ်ရဲ့ လက်ရာမွန်ဖြစ်တဲ့အတွက် စာပေအဆင့်အတန်းကိုတော့ တစ်ခါတည်း ယုံကြည်လိုက်ပါတော့။ အနုပညာမြောက်လွန်းပြီး အရမ်းနွေးထွေးတဲ့ ဇာတ်လမ်းလေးတစ်ခုပါ။ တစ်ပတ်တစ်ပိုင်း တင်ပေးနိုင်အောင် လုပ်သွားပါမယ်။ Ongoing လိုက်ဖို့ အကြံပေးပါတယ်နော်။ တစ်ပိုင်းတစ်ပိုင်း ရှေ့ဆက်သွားပုံလေးက စောင့်စားရင်း ဖတ်တဲ့အခါ ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ လန်တော့ ခံစားရလို့။ 🤍
14.02.2022 [Mon]
....... 🤍
09.06.2024 မှာ ပြန်တင်နိုင်ခဲ့ပြီပေါ့နော်။ အန်းကျီဝေါ်ယိဖတ်တဲ့လူတိုင်းကို အရမ်းချစ်ပါတယ်လို့ လန် ပြောနေကျအတိုင်းပဲ၊ အခုလည်း ဒီမိတ်ဆက်ကလေးကို ဘယ်သူတွေ အစဆုံး ပြန်ဖတ်ဖြစ်မလဲပေါ့။ ဖတ်တဲ့လူတိုင်းကို အားကြီး ချစ်ပါတယ်။ တကယ်ဆို ကိုယ့်ဆီမှာ စာမပြည့်စုံတော့လို့ ပြန်တင်ဖို့တောင် ခက်ခက်ခဲခဲ ဖြစ်နေချိန်မှာ ကူညီပေးတဲ့ ညီမလေး တစ်ယောက်ရှိလို့သာ အခုလို ပြန်တင်နိုင်တာပါ။ သူ့ကိုလည်း အရမ်းကို ကျေးဇူးတင်ရတာပါပဲရှင် 🤍
အန်းကျီးဝေါ်ယိဆိုတဲ့ ဝတ္ထုက တစ်လုတ်ချင်း မြည်းရင်းစမ်းရင်း စားသွားလေ အရသာရှိလေပဲပေါ့။ အရင်က စာဖတ်သူဟောင်းတွေကိုလည်း မျှော်လင့်နေပါတယ်။ (အထူးသဖြင့် အန်းကျီးဝေါ်ယိ စတင်ကတည်းက ongoing လိုက်ခဲ့သူတွေပေါ့။)
ဒီစာအုပ်နဲ့ပတ်သတ်ရင် လန့်မှာ လောဘပိစိလေးက အမြဲရှိနေတာကိုး၊ လူတွေ ဖတ်စေချင်တဲ့ လောဘပိစိလေး။ အဲတော့ ဖတ်တဲ့လူတွေကို ပိုချစ်တယ် ဒါပဲ ဟိဟိ။
..... 🤍 .....
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...