Lanni's

1.3K 91 10
                                    

စာဖတ်သူများ ပျော်ရွှင်ဖွယ်သီတင်းကျွတ်လပြည့်နေ့လေး ဖြစ်ပါစေနော်။

ဒီနေ့ ပြောပြချင်တာက... 'အန်းကျီးဝေါ်ယိ' ဝတ္ထုလေးက အရင်ပျက်သွားတဲ့ account က စာတွေရော အကုန်ပြည့်စုံအောင် ပြန်တင်ပြီးသွားပါပြီဆိုတာပါ။

လောလောဆယ် အခန်း (၁) ကနေပြီး ပြန်ပြီးသည့် အခန်း (၄၀) ထိ အပြည့်အစုံ ရှိပါမယ်။ ဇာတ်လမ်းက ၅၇ မှာ သိမ်းပါမယ်။ လန် အတတ်နိုင်ဆုံး တစ်ပတ်တစ်ပိုင်းလောက် ရအောင် ပြန်ပေးပါမယ်နော်။ သင်တန်းတွေလည်း ရှိတော့ အတတ်နိုင်ဆုံးပေါ့။

အဓိက ဒီနေ့ ဒီအပိုင်းလေး ရေးတင်ရခြင်းကတော့ ၊ မနှစ်က အောက်တိုဘာလကုန်မှာ လန့်ရဲ့ wattpad account တစ်ခုလုံးပျက်ပြီး စာတွေကလည်း လန့်ဘာသာ draft သပ်သပ် မသိမ်းထားလိုက်ရဘဲ အကုန်ပါသွားတယ်။ အန်းကျီးဝေါ်ယိရဲ့ အပိုင်း (၄၀) အတွင်းမှာ လန့်ဆီ မကျန်ဘဲ ပျက်သွားတာက ၂၈ ပိုင်းလောက်၊ ပြန်တင်ပေးမယ်ဆို ပြန်ရေးရမယ်၊ ပြန်ရေးမယ်ဆိုလည်း အရင်တစ်ခါက ပြန်တဲ့အာဘော်အတိုင်းလည်း ထွက်ချင်မှ ထွက်တော့မှာ၊ အဲလိုတွေပေါ့နော်။

အဲမှာ လန့်ဆီကို ကူညီပေးဖို့ လာမေးကြတဲ့ စာဖတ်သူတွေများပေမဲ့ အားလုံးက ရှားဖော့လန်နဲ့ လင်အာကိုပဲ offline ထဲ ထည့်ထားကြလို့ ထင်ပါတယ်။ အန်းကျီးဝေါ်ယိကို ဖတ်လို့ရသေးတဲ့လူက လုံးလုံး မရှိခဲ့တာ။

လန်ဆို စိတ်မကောင်းဖြစ်လိုက်တာ ပြောမနေနဲ့တော့။ ဘာလို့ဆို ကျန်တဲ့ကလေးနှစ်ကောင်က ပျက်သွားတာတောင် ဖတ်လို့ရသေးတဲ့လူတွေ အများကြီးက ကူညီပေးနိုင်ကြသေးတယ်။ ဒီကလေးကျမှ ဖတ်တဲ့လူတောင် မရှိဘူး ထင်ပါတယ်ဆိုပြီး တော်တော်လေး ရင်ထဲမကောင်းတာဗျာ။

ဒါပေမဲ့ တစ်ရက်ရောက်တော့ ညီမလေး တစ်ယောက်က အန်းကျီးဝေါ်ယိက သူ့ဆီမှာ ဖတ်လို့ရသေးတယ်။ သူ ဘယ်လိုကူညီပေးရမလဲ ဆိုပြီး ရောက်လာတယ်။ အရမ်းအရမ်းကျေးဇူးတင်ပြီး ပျော်သွားတာ တကယ်ပါ TT

အဲဒီညီမလေးသာ မရှိရင် အန်းကျီဝေါ်ယိကတော့ စာဖတ်သူတွေဆီ ထာဝရ ပြန်မလာနိုင်လောက်တော့ပါဘူး။ လန် လက်လျှော့လိုက်တော့မှာပါ။ စိတ်ထဲမှာ အချိန်တွေ အများကြီး ပိုလျှံလာတော့မှပဲ အစဆုံး ပြန်ရေးနိုင်တော့မှာပဲဆိုပြီး အသက် ၄၀ ကျော်လောက်ကိုတောင် မှန်းထားပြီ lol

အခုတော့ ညီမလေး အိမ့်ကို သိပ်သိပ်သိပ် ကျေးဇူးတင်ပြီး ချစ်ပါတယ်လို့ အမှတ်တရ ရေးသားဖော်ပြလိုက်ပါတယ်ရှင်။ 🤍

-

လန်။

You've reached the end of published parts.

⏰ Last updated: Oct 17 ⏰

Add this story to your Library to get notified about new parts!

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now