{Flash Back}
ရှန်သောယိသည် ခရီးသွားလုပ်ငန်းအဖွဲ့ နှင့် တူနေသည်။ နေရာတစ်ခုပြောင်းလျှင် အလုပ်အကိုင်ကိုပါ အစိမ်းသက်သက် ပစ်ချထားခဲ့ပြီး ထွက်သွားနိုင်သည့်ခံစားချက်မျိုး။ အရက်ဘားတွင် စားပွဲထိုးလုပ်ခြင်းသည် သူ့၏ အသစ်တိုးသော အလုပ်ဖြစ်သော်လည်း ဘယ်နှကြိမ်မျှ မရှိလိုက်၊ အရက်ဘားတွင် ဝန်ထမ်းအား လုံလောက်သွားပြီဆိုသည်နှင့် သူမလုပ်တော့ပေ။
" သောယိ၊ မအိပ်သေးဘူးလား? "
" အခုပဲ အိပ်တော့မှာ၊ စာအုပ်တွေ သိမ်းနေတာ! "
မနက်နှစ်နာရီ ထိုးနေပြီ။ ရှန်သောယိသည် စာကြည့်စားပွဲရှေ့တွင် ထိုင်နေပြီး ပျာယာခပ် အလုပ်များနေသည်။ စားပွဲထက်တွင် လေ့ကျင့်ရေးစာအုပ်နှင့် ဖတ်စာအုပ်များ စီစီရီရီ နေရာချထားပြီး စက္ကူလိပ်များကတော့ သပ်သပ်ရပ်ရပ် လိပ်ခွေထားလေသည်။
သည်နေ့ ကျောင်းဆင်းတော့ စားသောက်ဆိုင် ငယ်လေး၌ ကလေးလေးငါးယောက်ကို စာပြပေးရသေးသည်။ ထို့ကြောင့် အရမ်း နောက်ကျသွားခြင်း ဖြစ်သည်။ မျက်စိရှေ့ တွင် အဝါရောင်ဇယားကွက်စက္ကူကြီး ရှိပြီး ၄င်းပေါ်တွင် အကွက်များ ဆွဲထားသည်။ သူသည် မိမိအတွက် မိမိ အလုပ်အချိန်ဇယားဆွဲ နေ၏။
တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် စားသောက်ဆိုင်ငယ်လေး၌ ကလေးများကို စာသင်ပေးရမည်။ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တွင် အရက် ဘား၌ စားပွဲထိုးသွားလုပ်ရမည်။ သောကြာနေ့ကတော့ စတိုးဆိုင်တွင် ငွေလက်ခံဝန်ထမ်း အဖြစ်၊ ပိတ်ရက်နှစ်ရက်တွင်တော့ စားသောက်ဆိုင်ကြီး၌ တစ်နေကုန် အချိန်ပိုင်း ဝန်ထမ်းအဖြစ်။
ဤသည်မှာ တင်းတင်းကျပ်ကျပ် စီစဉ် ချိန်ဆထားပြီးသော အချိန်ဇယားဖြစ်သည်။ သူက ဇယားကို ဆွဲပြီးနောက် မျက်ခွံများက အချင်းချင်း တိုက်ခိုက်ရန်ဖြစ်နေကြပြီဟုတောင် ထင်မိသည်။ ချက်ချင်း လွယ်အိတ်ထဲသို့ စာအုပ်များ ထည့်၍ ခုတင်ပေါ်တက်ပြီး အိပ်လိုက်တော့သည်။
ရှန်သောယိသည် နေ့တိုင်းနေ့တိုင်း အင်မတန် ပင်ပန်းစွာ ဖြတ်သန်းနေရ၏။ သူသည် သူ့ ကိုယ်သူ ပင်ပန်းမှန်းသိသော်လည်း ထိုအရာက ပင်ပန်းခြင်းမဟုတ်ဘဲ ကြွယ်ဝချမ်းသာအောင် အားဖြည့်နေခြင်း ဟုသာ သူ့ကိုယ် သူ အမြဲပြောတတ်၏။ ဤသို့သော ကိုယ့်ကိုယ်ကိုယ် လီဆယ်မှုသည် သူ့အား ဘဝပေး ကုသိုလ်ကံအပေါ် အပြစ်တင်ညည်းညူခြင်း မရှိစေသည့်အပြင် စိတ်ထားကောင်းမွန်စွာ အလုပ်လုပ်နိုင်စေသေး၏။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...