" အဲ့သည်ရှယ်ယာကို မင်းအဖေ မရောင်းထုတ်ရသေးဘူးလား? တော်တော်ယိုင်နဲ့နေပြီနော်၊ ဒါက လက်လီရင်းနှီးမြှုပ်နှံသူတွေ တမင် ပွဲကနေထွက်အောင် လုပ်နေသလိုပဲ "
" အန်တီကို ပြောပြလိုက်၊ သူတို့နဲ့ ရောင်းသူနဲ့ ဖိုက်တင်ချနေတာက လက်မောင်းနဲ့ ခြေထောက်ကို သွားညှစ်နေတဲ့အဆင့်ထိတောင် မတွက်ဘူးလို့၊ အဲ့တာ လက်မနဲ့ ခြေထောက်ကို ညှစ်နေသလိုပဲလို့ "
(**နိုင်အားမရှိတာကို ပြောတာပါ။)
" ကာလတို ပျှမ်းမျှစံနှုန်းထားကတော့ ပြီးပါပြီကွာ "
အစည်းအဝေးမစခင်တွင် အစည်းအဝေးခန်းမကြီးတစ်ခုလုံး ရောင်းဝယ်ဖောက်ကားမှုများ ဆွေးနွေးရာ ခန်းမကြီးအလား။ ချီးရှစ်အန်းသည်လည်း ထိုင်ခုံ၌ ထိုင်ကာ အာရုံကို လန်းဆန်းတက်ကြွအောင် လုပ်နေသည်။ ရင်းနှီးမြှုပ်နှံဌာနမှ ကပ်လျက် ထိုင်နေသာ လူများနှင့်အတူ ရှယ်ယာ အတက်အကျကို ကြည့်နေလိုက်၏။ လေးငါးခုကို လိုက်ကြည့်ပြီးသော် နက်နက်ရှိုင်းရှိုင်း စာနာသဘောတူသော ပုံစံဖြင့် ပြောလာသည်။
" လူကြီးတွေ ရှယ်ယာကစားရင် အဲ့လိုပဲ၊ တစ်ချက်လောက် ကိုယ့်ဘက်က သတိလွတ်သွားတာနဲ့ သူတို့က လုပ်ချင်ရာ လျှောက်လုပ်တော့တာပဲ၊ ပိုက်ဆံတွေ လျော်လိုက်ရရင် ကိုယ့်ကိုယ်ပဲ ပြန်လာအပြစ်တင်သေးတာ "
ကြိုရောင်းကြိုဝယ်ဌာန၏ ဌာနမှူးက ရယ်လျက် -
" မစ္စတာချီး၊ ကြည့်ရတာ မစ္စတာချီးလည်း အတင်းအဓမ္မ အခိုင်းခံရဖူးတယ် ထင်တယ်? "
" ကျွန်တော်ဖြင့် တောက်တိုမည်ရ အခိုင်းခံနေရတာ လေးငါးပတ်လောက်ရှိတော့မယ် "
ချီးရှစ်အန်းက ထိုစကားပြောပြီးသည့်အခိုက် အတိုင်ပင်ခံဌာနမှ အဖွဲ့ခေါင်းဆောင် လေးငါးယောက်လည်း အစည်းအဝေးခန်းထဲသို့ ဝင်လာကြတော့၏။ သူသည် တစ်ယောက်ချင်းကို တစ်ချက်ခန့် ကြည့်လိုက်ပြီး ရှန်သောယိ ဝင်လာသောအခါတွင်မှ အကြည့်များကို သူ့ထံတွင် အတော်ကြာအောင် ရပ်တန့်လိုက်တော့သည်။
ရှန်သောယိသည် ဖုန်းအသံကို ပိတ်နေသောကြောင့် သတိမထားမိချေ။ သူက အသံပိတ်ပြီးကာမှ မော့ကြည့်လာပြီး နှုတ်ဆက်လာသည်။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...