「30」

235 34 1
                                    

"ရေရှည်စီမံကိန်း ဝယ်ယူသူများကို ဆွဲဆောင်လမ်းပြမှု အစီအစဉ်" သည် လှုပ်ခတ်မှု အခြေအနေ မသေးချေ။ ထိုထဲကနေ အကျိုးအမြတ် အများဆုံးရသွားသော ဌာနကတော့ နိုင်ငံခြားငွေလဲလှယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်သည်။ စစ်စတမ်ထဲမှာ ရာသီနောက်တစ်ဆင့်၏ target နှင့် plan တွေကို update လုပ်ထားချေပြီ။ ရှန်သောယိသည် လက်ထဲက mouse ကို ရွေ့နေရင်း လက်တစ်ဖက်ကလည်း မုန့်ဘူးကို ကိုင်ကာ စားရင်း ကြည့်နေ၏။ ထိုစဉ် admin ဌာနမှ လက်ထောက်ဖြစ်သူက ကပျာကယာ ရောက်လာပြီး အခန်းတံခါးကို လာခေါက်ကာ မေးသည်။

"အဖွဲ့ခေါင်းဆောင်ရှန်၊ နောက်ငါးမိနစ်ဆိုရင် မနက်ခင်းအစည်းအဝေး စပြီနော်.. ရှင် စားလို့မပြီးသေးဘူးလား?"

ရှန်သောယိက ခေါင်းထောင်လာကာ -

"မနက်ခင်းအစော အစည်းအဝေးက ဌာနမှူးတွေပဲ သွားတက်တာလေ၊ ငါ သွားစရာမလိုပါဘူး"

"ကြေညာတဲ့ စာမျက်နှာမှာ အဖွဲ့ခေါင်းဆောင်တွေလည်း တက်ရမယ်တဲ့လေ၊ ရှင် မကြည့်ရသေးဘူးလား!"

လက်ထောက်မိန်းကလေးက အတော်လေး စိတ်ပူပန်စွာ ဆို၏။

"ကျွန်မကြည့်တာ သူများတွေ အကုန်သွားကြပြီရော်၊ ရှင်တစ်ယောက်ပဲ ရုံးခန်းထဲမှာ ပေါက်စီစားနေတာနဲ့ ရှင်မသိလောက်ဘူး ထင်လို့"

ရှန်သောယိလည်း လက်ကျန် ပဲပေါက်စီကို ချထားခဲ့ပြီး ဖောင်တိန်ပန်နှင့် စာအုပ်ယူကာ အစည်းဝေးသို့ သွားရန် ပြင်လျက် တတွတ်တွတ် ရွတ်လိုက်သေးသည်။

"တနင်္လာနေ့ မနက်အစော အစည်းအဝေးက အဆင့်မြင့်အလွှာကလူကြီးတွေပဲ သွားရတာပါ၊ ဘာကိစ္စ အဖွဲ့ခေါင်းဆောင်တွေပါ သွားရတာလဲနော်"

သူသည် အပြေးလေး သွားကာ ဓာတ်လှေကားစီးပြီး အမြန်ဆုံးနည်းနှင့် အစည်းအဝေးခန်းမ အလွှာသို့ တက်သွားချိန်တွင် ပါဝင်တက်ရောက်ရမည့်လူ အားလုံးက စုံညီနေကြချေပြီ။ သူ အပေါက်ဝသို့ အပြေးရောက်သွားချိန်တွင် အားလုံး၏ အကြည့်များကို ဆွဲဆောင်လိုက်ပေ၏။

ကျန်းယိမင်က ရယ်လျက် ဆိုလာသည်။

"အဖွဲ့ခေါင်းဆောင်ရှန်က သေချာပေါက် ကြေညာချက်ကို မကြည့်မိလို့ဘဲ ဖြစ်မယ်"

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now