သည့်ရှေ့တွင် ပြောသွားသော စကားများ အားလုံးသည် သည်စကားတစ်ခွန်းအတွက် လမ်းခင်းထားခြင်းသာ။ ရှန်သောယိဟာ နောက်ဆုံးတော့ တစ်ဖက်လူက မိမိအား သည်စကားတစ်ခွန်းထိရောက်အောင် လမ်းပြလာကြောင်း သတိထားမိသွားလေပြီ။ ရှန်သောယိ အနည်းငယ် စိတ်တိုစိတ်ရှုပ်သွားရသည်။ သူ့မှာတော့ တက်တက်ကြွကြွ ခွဲခြမ်းစိတ်ဖြာပြီး မိတ်ဆက်ပေးလိုက်ရတာ။ လေတွေအများကြီး ကုန်သွားတာပဲ။ ပြီးတော့လည်း ဘာမှမတတ်နိုင်ပြန်ပြီလေ။ အခု ချီးရှစ်အန်းက သဘောမတူရင် ထွက်ခွင့်မပေးတော့မဲ့အတိုင်းပဲ တံခါးပေါက်ကို ပိတ်ထားပြန်ပြီ။
ချီးရှစ်အန်းသည် ရှန်သောယိက ဘာကို စဉ်းစားနေမှန်း သိသည်။ သူက ရှင်းပြ၏။
" ကိုယ် တကယ်ဝယ်မှာပါကွာ၊ မင်းကို အလကား လေကုန်မခံခိုင်းပါဘူး "
" အဲ့လိုမှ ဟုတ်သေးတယ် "
သည်လိုဆိုမှတော့ ရှန်သောယိလည်း စိတ်မတိုနိုင်တော့ဘဲ လက်ခံပေးကာ မေးလိုက်သည်။
" အဲ့တာဆို ဘယ်မှာသွားစားမှာလဲ? "
ချီးရှစ်အန်းသည် ချက်ချင်း အပေါက်ကို ပိတ်ရပ်ထားတာကနေ ဖယ်ပေးလိုက်ပြီး
" အရင်တစ်ခေါက်က နွေဂိမှာန်စားသောက်ဆိုင် ဘယ်လိုလဲ။ အဲ့ကိုပဲ ထပ်သွားမလား? "
ရှန်သောယိသည် အပြင်သို့ ထွက်လာပြီး ချီးရှစ်အန်းနှင့်အတူ ကားပါကင်သို့ သွားရင်း ဖြေ၏။
" အကုန်ရတယ်၊ ငါက နေရာ မရွေးဘူးလေ "
ချီးရှစ်အန်း၏ ကားသည် ကားဒရိုင်ဘာမှ ပြင်ဆင်စစ်ဆေးရန် ပို့ဆောင်ထားသည်။ ထို့အပြင် ချီးရှစ်အန်းဟာ နှစ်ရက်နှင့် တစ်ညနီးပါး မနားတမ်း လှည့်ပတ်သွားလာ အလုပ်လုပ်နေခဲ့ရသူ ဖြစ်သဖြင့် သူ့ကို ကားမောင်းခိုင်း၍ မသင့်ပေ။ သို့ကြောင့် သူသည် ထပ်မံ၍ အနက်ရောင်ဗွီဒဗလျူကား၏ ယဉ်မောင်းသူနေရာတွင် ဝင်ထိုင်လိုက်ပြန်သည်။ ရှန်သောယိက စက်နှိုးပြီး ဗဟိုဘဏ်လမ်းမ အဆုံးကနေ မောင်းထွက်လာပြီး တစ်လမ်းလုံး သိပ်အသံမထွက်ချေ။ တစ်ချက်တလေ အကွေ့ရောက်မှပဲ ဘေးထိုင်ခုံရှိ ချီးရှစ်အန်း သမ်းဝေနေခြင်းအား ခိုးကြည့်တတ်သည်။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...