「32」

255 38 1
                                    

ORV ကားသည် လမ်းဘေး၌ ကပ်၍ ရပ်ထားပြီး ရှန်သောယိ၏ နှလုံးသည် ကားဘရိတ်ဆွဲ၍ ရပ်လိုက်သည့်တခဏက စတင်၍ ပြင်းထန်စွာ လှိုက်ခုန်နေသည်။ အတော်လေး ကြာသည့်တိုင် နည်းနည်းလေးမျှ ငြိမ်သက်မသွားနိုင်။ သူသည် အဝေးက သင်္ဘောဆိပ်ကမ်းကောင်းကင်ပေါ်ရှိ တလက်လက် တောက်ပနေသော ကြယ်လေးများကို မော့ငေးကြည့်နေရင်း ၄င်းတို့ဟာ ရွက်လှေငယ်များလား မိမိ၏ ထင်ယောင်ထင်မှား ဖြစ်မှုလား ခွဲခြားနေမိသည်။

ချီးရှစ်အန်းက ပြောပါသည်။ သူ့ကို စိတ်လုံခြုံမှုပေးတာက ကား မဟုတ်ဘဲ လူသာ ဖြစ်ကြောင်း။

ရှန်သောယိသည် အတွေးများရှုပ်ထွေးလာပြီး ခေါင်းငုံ့ချလိုက်သည်။ ထို့နောက် ကိုယ်ကို ဘေးတစ်စောင်းထိုင်လျက် လက်နှစ်ဖက်လုံးကို ကားပြတင်းပေါ် ထပ်တင်ထားလိုက်ကာ တစ်ဖက်လူအား ကျောပေးထားလိုက်၏။ သူသည် ကြယ်တာရာများကို ငေးကြည့်ရခြင်းအား အရူးအမူး စွဲလမ်းနေသူသဖွယ် ငေးမောရင်း ထိုကြယ်လေးများက သူ့နှလုံးသား အနက်ရှိုင်းဆုံးနေရာရှိ စိတ်ကူးအတွေးတို့ကိုလည်း အလင်းပေးလာစေချင်သည်။

သူက စားပွဲရှေ့မှာ ဆောင့်ကြောင့်ထိုင်ကာ အရက်တွေ တစ်ခွက်ပြီးတစ်ခွက် သောက်နေခဲ့စဉ် ချီးရှစ်အန်းက ရောက်လာပြီး သူ့ကို ဆွဲခေါ်သွားခဲ့သည်ပင်။

သူက ကလပ်အပေါက်ဝမှာ အစာအိမ်နာလာသည့်အခါ ချီးရှစ်အန်းက သူ့ကို တွဲထားပြီး ဟိုမေးသည်မေး မေးမြန်းခဲ့သည်။

သူ အမူးလွန်နေချိန်မှာ ချီးရှစ်အန်း၏ ကျယ်ပြန့်လှသော ပခုံးပြင်ကို မှီမှောက်၍ အိပ်ပျော်သွားခဲ့​​ခြင်းပါပင်။

.........

နောက်စေ့ထက်၌ ရုတ်ခြည်း ပူနွေးသွားရာ ရှန်သောယိက လန့်ဖျပ်ပြီး မျက်လုံးများဖွင့်လိုက်သည်။ စိတ်နှင့်လူနှင့်လည်း ပြန်ကပ်သွားသည်။ သူသည် ထိုနေရာ၌သာ တောင့်တင်းနေပြီး တုတ်တုတ်မျှ မလှုပ်ဘဲ ချီးရှစ်အန်းမှ သူ့ဆံသားလေးများကို ညင်သာနူးညံ့စွာ ပွတ်သပ်ပေးနေသည်ကို ခံစားမိနေသည်။

ချီးရှစ်အန်းသည် လက်ချောင်းများဖြင့် သေးမျှင်ပျော့အိနေသော ဆံနွယ်များကြား ထိုးသွင်း၍ သေသပ်ကာ တိုတိနေသော လက်သည်းထိပ်လေးဖြင့် ရှန်သောယိခေါင်းကို ခပ်ဖွဖွ ဆုပ်ကိုင်ပွတ်သပ်ပြီး လိုက်လျောညီထွေဖြစ်စွာ ပြောပေးလိုက်သည်။

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now