အချိန်ယန္တရားသည် အနှေးစက်ဝန်းဖြင့် လည်ပတ်နေသဖွယ်။ အခန်းထဲရှိ အငွေ့အသက်သည် အေးစက်တောင့်ခဲသွားလျက်။ ရှန်သောယိ၏ မေးဖျားထက်တွင် တွယ်ငြိနေသော ချွေးစက်ကလေးဟာ လှုပ်ခါရမ်းလျက် ပြိုဆင်းကြွေကျသွား၏။ နှလုံးဟာ တဒုန်းဒုန်း ခုန်ပေါက်နေပြီး ရင်ဘတ်ဟာ မရပ်မနားတမ်း တုန်ယင်နေသည်။
ချီးရှစ်အန်းသည် ထိုအချင်းအရာ အလုံးစုံကို တပ်အပ်မြင်တွေ့နေရသည်။ ထိုကြောင့်လည်း သူ့၏ ရင်တွင်းဆန္ဒများဟာ လျော့ပါးသွားဖို့ အရိပ်အယောင် မရှိလာဘဲ ပိုလို့ တိုးပွားတောက်လောင်လာတော့သည်။ သူ့လက်ဖမိုးက ပူနွေးသွား၏။ ရှန်သောယိက အုပ်ကိုင်လိုက်ခြင်းပါပင်။ သို့ဖြင့် ရှန်သောယိ၏ မျက်လုံးပေါ်တွင် ဖုံးအုပ်ထားသော လက်ကို ဖယ်ပေးလိုက်ရ၏။
ရှန်သောယိက သူ့လက်ကို တွဲလိုက်ကာ ပြောသည်။
"ရေသွားချိုးကြစို့လေ၊ ခဏနေ ဝန်ထမ်းတွေ ပြန်ဝင်လာတော့မှာ"
ချီးရှစ်အန်းသည် နည်းနည်းလေးမျှ ရှက်ရွံ့နေမှုမျိုး မရှိသည့်အပြင် သူကတောင် ပြန်လည်ဦးဆောင်၍ ရှန်သောယိ လက်ကောက်ဝတ်ကို ချုပ်ကိုင်လိုက်သည်။
"အဲ့တာဆို မင်း ကိုယ့်ကို ကူညီပေးမလားဟင်?"
တစ်ယောက်စာ အနားယူခန်းထဲတွင် ရေချိုးခန်းနှင့် အဝတ်လဲခန်းဟူ ၍ ပါဝင်သည်။ သူက ရှန်သောယိ၏ လက်ကို ဆွဲပြီး အခန်းတစ်ခန်းထဲ ဝင်ပစ်လိုက်ကာ အကြမ်းပတမ်းပင် ချွေးများ၊ အမွှေးဆီများဖြင့် ပေညစ်နေသော ရေချိုးဝတ်စုံကို ချွတ်ချပြီး ပစ်ထုတ်လိုက်သည်။ တစ်ကိုယ်လုံး အဝတ်ကင်းမဲ့သွားချိန်တွင် သူဟာ လက်လှမ်း၍ တစ်ဖက်လူ၏ အင်္ကျီကို ဆွဲလိုက်သည်။
ရှန်သောယိသည် ချီးရှစ်အန်း၏ ချွေးစက်များ ရွှဲနေသော ရင်ဘတ်အား စိုက်ကြည့်နေပြီး စိတ်လှုပ်ရှားစွာဖြင့် ခါးစည်းကြိုးကို အသေကိုင်ထားမိသည်။ သူက ထစ်ငေါ့စွာဖြင့် ဆို၏။
"ငါ.. ငါ့ဘာသာ လုပ်မယ်"
ချီးရှစ်အန်းဟာ လက်ပြန်ရုပ်သွားပြီး အကြည့်တစ်ချက်မလွှဲဘဲ မျက်တောင်မခတ်တမ်း တစ်ဖက်လူ၏ 'သူ့ဘာသာသူလုပ်ခြင်း' ကို စိုက်ကြည့်နေလိုက်သည်။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...