အကာအကွယ် ပစ္စည်းတစ်ခု ပိုလာသော ငွေရှင်းမှုကြောင့် ပိုက်ဆံရှင်းချိန်တွင် ရှန်သောယိဟာ တံခါး အပေါက်ဝအထိ သွားပုန်းနေချေတော့၏။ သူသည် ဤအခိုက်အတန့်ကနေ စပြီး ချီးရှစ်အန်းအား အဖက် မလုပ်တော့ရန်လည်း ဆုံးဖြတ်ထားသေးသည်။ မဟုတ်ရင် တစ်ဖက်လူက သိပ်ကမ်းတက် တတ်လွန်း၍ မပြီးနိုင်၊ မစီးနိုင် ဖြစ်တတ်လေသည်။
ချီးရှစ်အန်းက ပိုက်ဆံရှင်းပြီးသော် အထုပ်ကို ဆွဲ၍ ရောက်လာပြီး ရယ်နေပုံကလည်း အင်မတန်ကို အားရကျေနပ်ကာ ဘဝင်ခိုင်နေပုံပင်။ သူက တံခါးကို တွန်းဖွင့်လိုက်ကာ ပြောသည်။
"လာ ၊ လူကြီးမင်း ကြွပါ"
ရှန်သောယိက မှန်တံခါး အပြင်ဘက်သို့ လှမ်းထွက်ကာ သွားလိုက်ပြီး ရပ်တောင် မရပ်ဘဲ အရှေ့တည့်တည့် လျှောက်သွားလေသည်။ ချီးရှစ်အန်းကလည်း အနောက်ကနေ အေးအေးလူလူ လိုက်လာပြီး သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိဟန် လေသံနှင့်ပင် ပြော၏။
"သစ်သီးယိုတွေက အိမ်မှာထားရမလား၊ ရုံးမှာ ထားရမလား။ ကိုယ်က အိမ်မှာမှ မနက်စာ မစားတာ။ ဓာတ်ပြားလည်း အတူတူပဲ၊ အလုပ်ပင်ပန်းတဲ့အချိန် နားထောင်လို့ရအောင် ရုံးမှာထားတာပဲ ကောင်းလိမ့်မယ်။ ဒါပေမဲ့ ဒီအပြာနုရောင် ဘူးလေးကတော့ ----------"
ရှန်သောယိသည် သည်းမခံနိုင်တော့ဘဲ နောက်ပြန်လှည့်ကာ စကားကို ဖြတ်ပြောလိုက်၏။
"မင်း ပိုင်မာကျေးရွာမှာ ဧည့်သည်တစ်ယောက် ဘာလို့ အသတ်ခံရတာလဲ မှတ်မိလား"
ချီးရှစ်အန်းကလည်း နာခံစွာ ပြန်မေးလိုက်၏။
"ဘာလို့လဲ"
"စကားများလွန်းလို့လေ"
ရှန်သောယိက ဟိုဘက်ကနေ ထပ်မံ ပြန်လှည့်လာပြီး တစ်ခါ အကြမ်းပတမ်းပင် ချီးရှစ်အန်း၏ လက်ထဲက အိတ်ကို ဆွဲယူပြီး အသေချည်လိုက်သည်။
"ဗီလာကို ပြန်ရောက်တဲ့အထိ ပါးစပ်ကို လုံးဝ ထပ်မဟနဲ့တော့၊ မဟုတ်ရင် ငါ မင်းကို ဆုံးမ,ပြမယ်"
ချီးရှစ်အန်းက အင်မတန် ကြောက်ရွံ့သွားဖွယ် ဟန်ဆောင်ပြသည်။ သူက ပါးစပ်ကို တင်းတင်းစေ့ပိတ်ကာ ရှန်သောယိကို မြင်စေပြီး လက်ဖြင့် OK ဟူသော အမူအရာတောင် လုပ်ကာ အာမခံလိုက်သေးသည်။ နှစ်ယောက်သား အတူတူ လျှောက်ပြန်လာကြစဉ် သူသည် ပထမဆုံး အကြိမ် ရှန်သောယိ၏ ဤသို့ ရှက်လွန်း၍ စိတ်တိုလာသော မျက်နှာလေးကို မြင်ဖူးချင်းဖြစ်ရာ အလွန်ပင် စိတ်ဝင်စားနေမိတော့သည်။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...