「4」

590 90 4
                                    

{Flash back}

အထက်တန်းကျောင်းသားတစ်ဦး၏ စာသင်ချိန်ပြီးနောက်တွင် ပိုလျှံအားလပ်သော အချိန်မှာ များများစားစား မရှိနိုင်ချေ။ အသက် (၁၇) နှစ်ရွယ် ရှန်သောယိအတွက် ရွေးချယ်စရာ သိပ်မရှိ။ နေ့တိုင်း ကျောင်းဆင်းသည်နှင့် စတိုးဆိုင်တစ်ဆိုင်တွင် အချိန်ပိုင်း အလုပ်လုပ်ရသည်။ သိုပေမဲ့ သူသည် တစ်ခါတလေ တခြားသော အလုပ်တစ်ခုကိုလည်း လုပ်ကိုင်တတ်သေး၏..... Night club ဝန်ထမ်းပင်။

မူလတွင် သူက ထိုနေရာမျိုးသို့ မသွားချင်ခဲ့သော်ငြား ၄င်းကလပ်၏ မန်​​နေဂျာက စတိုင်းဆိုင်ပိုင်ရှင်၏ တူဖြစ်နေသောကြောင့်သာ သူစိတ်အနည်းငယ်ချသွားရခြင်းပင်။ အနည်းဆုံးတော့ အလိမ်မခံရလောက်ဘူး မဟုတ်လား။

သူ့၏လခသည် နာရီနှင့် တွက်ပြီး ရသည်။ ဘောက်ဆူးရလျှင် ၄င်း၏ ၇၀ ရာခိုင်နှုန်းကို Night club ထံ ပြန်သွင်းရသည်။ သို့သည့်တိုင် ညတိုင်း ရရှိသော ဝင်ငွေသည် စတိုင်းဆိုင်မှာ ရသည်ထက် ပို၍ များပြားသည်ပင်။

ညဘက် စာလေ့လာချိန် ပြီးဆုံးသောအခါ သူသည် သပ်ရပ်လှသော ကျောင်သားဝတ်စုံကို ဝတ်ဆင်ထားလျက်ပင် ကလပ်၏ အနောက်ဘက်တံခါးမှ ဝင်ရသည်။ ကလပ်မှ ဝန်ထမ်းဝတ်စုံသည် ရှပ်အင်္ကျီ နှင့် စတိုင်ဘောင်းဘီ၊ ပြီးတော့ ကုတ်နှင့် နက်ကတိုင် ဖြစ်၏။ သူ့မှာတော့ နက်ကတိုင် စည်းနည်း သင်ယူပြီးခါစဖြစ်သောကြောင့် အမြဲတမ်း အကြာကြီး ဒုက္ခရောက်ရလေသည်။

သူသည် ခန်းမကြီးကိုသာ တာဝန်ယူဧည့်ခံရသည်။ သီးသန့်အခန်းများ မပါရှိချေ။ ဒါကလည်း ကံကောင်းခြင်းပင်။ အဘယ့်ကြောင့်မူ သီးသန့်အခန်းများတွင် အရက်သမား အမူးသမားများ များလွန်းလှပေ၏။ မနက် ၂ နာရီရောက်မှ အလုပ်တာဝန်ပြီးသော် အနောက်ဘက်တံခါးကို ပိတ်ကာ သူကိုယ်တိုင်လည်း ကျောင်းသားဝတ်စုံ ပြန်ဝတ်ပြီး အိမ်ပြန်ရန် ပြင်လိုက်တော့သည်။

" သောယိ ၊ မနက်ဖြန်ရဲ့ အလုပ်အချိန်ဇယားက မင်း ၆ နာရီဖြည့်ထားတာလား? "

" အင်း ၊ မနက်ဖြန် ကျောင်းသားမိဘ တွေ့ဆုံပွဲ ရှိတယ်လေ။ ကျောင်းလွှတ်တာ စောတယ် "

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now