「22」

380 49 0
                                    

ရှန်သောယိဟာ အော်သံကြောင့် လန့်ဖျပ်သွားပြီး နဂိုက ကားတံခါးထက်၌ ဖမ်းဆုပ်ထားသောလက်သည်လည်း ဖြေလျော့သွားတော့သည်။ တကယ်တော့ ငယ်သူငယ်ချင်း ဖေ့ယွမ်အကြောင်း ပြောပြရန် စဉ်းစားထားခြင်းသာ။

ချီးရှစ်အန်းကတောင် သူ့ဆီ ငယ်ကျွမ်းဆွေအကြောင်း ရှင်းပြလာမှတော့ သူကလည်း လျှိုထား၍ မဖြစ်တော့ချေ။ ဒါ့အပြင် သူကဖြင့် ဖေ့ယွမ်ရဲ့ ဓာတ်ပုံတစ်ပုံတောင် သိမ်းထားခဲ့မိသေးတယ်လေ။

"ဂလက်..ချောက်.." ဟူသော အသံအဆုံး၊ ကားတံခါးက လော့ခ်ချခံလိုက်ရသည်။ ရှန်သောယိတော့ ပြောစရာစကားများပင် ပျောက်သွားရသည်။

" အဲ့လောက်လိုလိုလား၊ ပြစ်ဒဏ်စီရင်ဖို့ စစ်ဆေးနေတာလား? "

" အချိန်နှောင့်နှေးမနေနဲ့‌တော့၊ ပြောလို့ရပြီ "

ချီးရှစ်အန်းက ကားသော့ကို ဒိုင်ခွက်ပေါ် ပစ်တင်လိုက်ပြီး မျက်လွှာချ၍ ကားစတီရင်တိုင်ထက်ရှိ ကီလိုမီတာ အမှတ်ကို ကြည့်နေသည်။ ပုံပန်းဟန်ပန်ကတော့ အလွန်ပင် ခံ့ညားစမတ်ကျနေချေ၏။

ရှန်သောယိသည် မိမိအိမ်တံခါးသောကို လက်ဖြင့် ကုတ်ခြစ်လျက် ဖြည်းဖြည်းပြောသည်။

" ငါ လေးငါးကြိမ်လောက် ငါ့ငယ်သူချင်းအကြောင်း ပြောပြဖူးတယ်လေ၊ သူ့နာမည်ကို ဖေ့ယွမ်လို့ ခေါ်တယ်၊ ငါတို့ ဟိုးငယ်ငယ်လေးကတည်းက အတူတူ ကြီးပြင်းလာကြတာ၊ အထက်တန်းတက်တဲ့ကာလလောက်ရောက်တော့ ငါ့ အချစ်ဦးအတွက် ခံစားချက်တွေ စတင်ပေါက်ဖွားလာတာ ထင်တယ်------- "

ချီးရှစ်အန်းက စကားဖြတ်ပြောတော့သည်။

" မင်းရဲ့ ကနဦး ခံစားချက်က သူ့အတွက် ဖြစ်ပေါ်ခဲ့တာလား? ဘယ်နှတန်းလဲ? "

" အထက်တန်းဒုတိယနှစ် "

" အဲ့တာ ကိုယ် မင်းနဲ့ ဆုံတဲ့ အဲ့နှစ်ပဲ မဟုတ်ဘူးလား?! "

" အဲ့နှစ်ပဲလေ... မင်း စိတ်မလှုပ်ရှားပါနဲ့... "

" အဲ့တာကြောင့်မို့ မင်းက ကိုယ့်ကို အရေးမလုပ်တာကိုး။ လတ်စသတ်တော့ တွဲဖက်ရှိနေတာကိုး! "

ရှန်သောယိက ကပျာကယာ ဖြေရှင်းရန် ကြိုးစားလိုက်သည်။

" မဟုတ်ပါဘူး! သူက ဘာဆိုဘာမှမသိဘူးလေ၊ ငါ သူ့ကို တစ်လုံးမှ မပြောပြခဲ့ဘူး! "

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now