{Flash Back}
ထိုနေ့ညနောက်ပိုင်းကနေ စပြီး ရှန်သောယိသည် ယင်းနိုက်ကလပ်သို့ မသွားတော့ပါချေ။
သူသည် အိမ်ပြန်ပြီး မနက်တစ်ပိုင်းလုံး အိပ် ပစ်လိုက်သည်။ မိမိ၏ မကြာမကြာ ထအောင့်တတ်သော အစာအိမ်ကိုလည်း ဂရုစိုက်ရ၏။ သူက ခုတင်ပေါ်၌ ပက်လက်လှဲနေရင်း ထိုနေ့ ညက နွေးထွေးသော လက်ဖဝါးဖြင့် တစ်ည လုံး အုပ်ပေးထားခံရသည်ကို အမှတ်ရမိ၏။ ရှန်သောယိသည် မိမိလက်ကို ဆန့်ထုတ်၍ ဗိုက်ကို အုပ်ထားကြည့်မိသည်။ သို့ပေမင့် သူ့ လက်ဖဝါးက ပူနွေးသည်ဟု မယူဆနိုင်။ အေး စက်နေသည်လည်း မဟုတ်။ အရေပြားပေါ် တွင် ထိထားသောအခါလည်း မည်သို့မျှသော အကျိုးသက်ရောက်မှုကို မပေးနိုင်ချေ။
ရှန်သောယိ လက်လျော့လိုက်ပြီ။ မျက်လုံး များကို မှိတ်ပြီး ဘေးတစ်စောင်းသာ လှဲနေ လိုက်တော့၏။ စောင်ကို လုံးထွေးပြီး ရင် ထဲမှာ တင်းတင်း ပိုက်လိုက်ကာ လစ်ဟာနေ သော ၊ တိုးဝင်နိုင်သော နေရာလွတ်မှန်သမျှကို ဖြည့်တင်းထားလိုက်သည်။ သူ ခဏလောက် ထပ်အိပ်မှရမည်။ အိပ်ရာမှ နိုးလျှင် စိတ်သစ် လူသစ် အားမာန်အပြည့်နှင့် အလုပ်သစ်တစ်ခု ရှာရပေဦးမည်လေ။
ရုတ်ခြည်း သူ သိပ်ကို ပင်ပန်းသွားသလို ခံစား ရသည်။
ခန္ဓာဗေဒဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုမျိုး မဟုတ်ဘဲ ရင်ထဲက လာသော မတတ်နိုင်ခြင်းများစွာ ပြည့်လျှမ်းနေသည့် ပင်ပန်းနွမ်းနယ်မှုသာ ဖြစ်လေသည်။
{Flash Back End}
အလွှာသုံးဆယ်တွင် တိတ်ဆိတ်ခြင်းသာ လွှမ်းမိုးနေပြီး နာရီလက်တံ တစ်ချက်ချက် သွားနေသံကိုသာ ကြားနေရသည်။ အန်းနီက ရုံးဆင်းထွက်ခွာသွားချေပြီ။ အဆင့်မြင့် စီနီ ယာ ပါတနာရုံးခန်း၏ ထူထဲလှသော တံခါးမ ကြီးသည် တင်းတင်းစေ့ပိတ်ထား၏။ အထဲက လူနှစ်ယောက်သည်ကား ရန်ဖြစ်စကားများပြီး နောက်တွင် အဆုံးမဲ့သော တိတ်ဆိတ်ခြင်းထဲ သို့ နစ်မြှုပ်သွားကြတော့လေ၏။
ရှန်သောယိသည် မတတ်နိုင်စွာဖြင့် ပင်ပန်း နွမ်းနယ်မှုဒဏ်က ခန္ဓာကိုယ်၏ နေရာအနှံ့ မှ တိုးထွက်လာသည်။ သူ့လက်မောင်းကိုသာ ချီးရှစ်အန်းက တင်းတင်းဆုပ်ကိုင်ထားတာ မဟုတ်လျှင် သူ နှစ်ချက်လောက် လှုပ်ရုံဖြင့် ဤဆိုဖာထက်သို့ ပစ်ထိုင်ကျသွားတော့မည် ဟု ထင်နေရသည်။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...