「17」

427 63 3
                                    

အလင်းရောင် ကောင်းမွန်စွာ ရရှိရန်အတွက် ချီးရှစ်အန်းသည် ကွန်ပြူတာကို ယူ၍ အပြင်ဘက် ဟာလာဟင်းလင်း ဖွင့်ထားသော ဝရံတာဘက်သို့ ထွက်သွားလိုက်သည်။ ထပ်မံ၍ နှစ်လှမ်းမျှ လျှောက်လိုက်ပါက ရေကူးကန်ထဲ ဒိုင်ဗင်ပစ်ချဖို့ပဲ ရှိတော့မည်။ သူသည် တစ်ဖက်လူက လက်ခံတာကို စောင့်နေ ပြီး တစ်ဖက်လူက လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက်လည်း မျက်နှာပြင်တစ်ခုလုံးကလည်း မည်းတူးနေတော့၏။

ရှည်လျားတာရှည်သော စက္ကန့်အနည်းငယ် ကုန်ဆုံးသွားခဲ့တော့သည်။ ရှန်သောယိသည် နောက်ဆုံးတော့ မျက်နှာပြင်ပေါ်၌ ထွက်ပေါ်လာချေပြီ။ လေးထောင့်ကျကျ ကွန်ပြူတာ မျက်နှာပြင်နှင့် အပြည့်အဝသည် ရှန်သောယိ၏ ဦးခေါင်း၊ လည်တိုင်၊ ပခုံးများအထိ ဆံ့ရုံမက၊ သူ့အနောက်ဘက်ရှိ ဆိုဖာပေါ်က ခေါင်းအုံးငယ်လေးများကိုပင် မြင်နေရလေသည်။

ရှန်သောယိသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး အရင်ဆုံး နှုတ်ဆက်လိုက်၏။

" မင်း ခုနက အိပ်နေတာလား? "

ချီးရှစ်အန်းသည် နဂိုက ရေကူးဘောင်းဘီကိုသာ ဝတ်၍ ရေလွှာလျှောစီးရန် ပြင်ထားခြင်းသာ။ ပြန်လာပြီးနောက် အဝတ်လဲဖို့ အချိန်မရတော့သဖြင့် ရေချိုးဝတ်ရုံကိုသာ ခြုံလွှားလိုက်ခြင်းဖြစ်ပြီး သူက ပြန်ဖြေလိုက်သည်။

" မဟုတ်ပါဘူး။ ကိုယ်က ဟိုတယ်မှာဆို သည်လိုပဲ ဝတ်တတ်တယ်၊ မင်း ကိုယ့်ကို အနှောင့်အယှက် မပေးမိပါဘူး "

သည်စကားကြောင့် ရှန်သောယိ စိတ်အေးသွားရတော့သည်။ သူသည် မိမိ စုစည်းထားသော ဒေတာများကို ပို့ပေးလိုက်ပြီး မိမိ၏ အတွေးအခေါ်နှင့် နားမလည်သည့်နေရာများကိုပါ ပြောပြလိုက်၏။ ဖုန်းဆက်ကတည်းကနေ အခုထိ ဈေးကွက်အခြေအနေက လုံးဝ မတည်ငြိမ်သေးချေ။ ပြီးတော့ တော်တော် အခြေအနေဆိုးနေသည့် အရိပ်အယောင် ရှိသည်။

ချီးရှစ်အန်းသည် အခြေအနေအား အကြမ်းဖျင်း နားလည်သွားပြီးနောက် ပွင့်ပွင့်လင်းလင်း ပြောလာသည်။

" ကျာချွင်.. သည်တစ်ခေါက်က တွင်းနက်ကြီးပဲ၊ အနောက်က ဈေးကွက်ကလည်း အခြေအနေ ပိုပြင်းထန် ရိုက်ခတ်လာဖို့ပဲ ရှိတယ်၊ မင်းရဲ့ စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ "

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now